နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားများ ပြန်လာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်

ရန်ကုန် ဧပြီ ၂၇ COVID-19 ကူးစက်ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးစီမံချက်ကြောင့် ပိတ်မိနေသည့် စင်ကာပူနိုင်ငံသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများကို ဆက်လက်နေထိုင်နိုင်ရေးနှင့် အမှန်တကယ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူနိုင်ငံသားများကို အရေးပေါ် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ခေါ်ဆောင်နိုင်ရေးအတွက် မြန်မာသံရုံးအနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါစီစဉ်ဆောင်ရွက်မှုတွင် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ လာရောက် ခေါ်ဆောင်မည့် လမ်းကြောင်းခရီးစရိတ်ကို နိုင်ငံတော်မှ အကုန်ကျခံမည်ဖြစ်ပြီး စင်ကာပူနိုင်ငံမှ ပြန်လာမည့် လမ်းကြောင်းခရီးစရိတ်ကို လိုက်ပါမည့်ခရီးသည်များထံမှ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ စင်ကာပူနိုင်ငံမှ ထွက်ခွာလို့သည့်မြန်မာနိုင်ငံသားများအနေဖြင့် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ အမည်စာရင်းပေးသွင်းသည့် လူဦးရေအပေါ်မူတည်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း(Myanmar National Airlines- MNA ) ဖြင့် မေလအတွင်း ပြေးဆွဲရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စင်ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသားအနေဖြင့် အမည်စာရင်းများပေးသွင်းရာတွင် မြန်မာသံရုံး၏ အီးမေးလ် webmaster@myanmarembassy.sကို အမည်(နိုင်ငံကူးလက်မှတ်ပါအတိုင်း) မြန်မာ/အင်္ဂလိပ်ဘာသာ နှစ်မျိုး၊ မြန်မာနိုင်ငံကူးလက်မှတ် ၊ပြန်လည်ထွက်ခွာလိုသည့်အကြောင်းအရင်းနှင့်ဆက်သွယ်ရမည့် ဖုန်းအမှတ် စသည့် အချက်များပါရမည်ဖြစ်သည်။ လူဦးရေအပေါ်မူတည်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း(Myanmar National Airlines- MNA )တွင် လိုက်ပါချင်သည့်ခရီးသည်များအနေဖြင့် မိမိနာမည်ပါဝင်ခြင်း ရှိ/မရှိ သိနိုင်ရေးအတွက် +၆၅ ၈၁၉၉၀၅၂၈ နှင့် +၆၅ ၉၈၂၇၃၄၄၇သို့ မတ် ၂၈ ရက်နောက်ဆုံးထားပြီး ဆက်သွယ်စိစစ်အတည်ပြုရမည်ဖြစ်ကြောင်း သိရသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ