နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ COVID-19 ရောဂါကာကွယ်ဆေး မျှတစွာ ဖြန့်ဖြူးပေးရေးစီမံကိန်းတွင် တရုတ်နိုင်ငံ ပူးပေါင်းပါဝင်လာ

အောက်တိုဘာ ၁၁၊ ဂျီနီဗာ

COVID-19  ရောဂါ ကာကွယ်ဆေးရရှိပါက မျှတစွာ ဖြန့်ဖြူးပေးရန် ရည်ရွယ်သည့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO)၏ စီမံကိန်းတွင် တရုတ်နိုင်ငံ ပူးပေါင်းပါဝင်လာခဲ့သည်။ COVAX ဟု လူသိများသည့် COVID-19 Vaccine Global Access Facility လှုပ်ရှားမှုကို WHO နှင့် Gavi တို့ ပူးတွဲဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အစောပိုင်းတွင် အမေရိကန်၊ တရုတ်နှင့် ရုရှားနိုင်ငံများက ပါဝင်ခဲ့ခြင်းမရှိပေ။

အမေရိကန်နှင့် တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များက COVID-19  ရောဂါ ကာကွယ်ဆေးရရှိရန် တက်သုတ်ရိုက် ကြိုးပမ်းလျက်ရှိရာ COVAX စီမံကိန်းတွင် ပါဝင်လာသည့် တရုတ်နိုင်ငံ၏ လှုပ်ရှားမှုမှာ ချဉ်းကပ်မှုပုံစံ ပြောင်းလဲလာခြင်းကို ဖော်ပြနေသည်။ သို့သော် အကျင့်ပျက်ခြစားသည့် WHO အဖွဲ့ ဦးဆောင်နေခြင်းကြောင့် COVAX စီမံကိန်းတွင် ပူးပေါင်းပါဝင်မည်မဟုတ်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အစိုးရအဖွဲ့က ပြောသည်။

'' ဒါဟာ လူသားအားလုံးရဲ့ကျန်းမာရေးအတွက် မျှဝေပေးမယ့် အသိုက်အဝန်းဖြစ်လာစေဖို့၊ အများပြည်သူ ကောင်းကျိုးအတွက် COVID-19  ကာကွယ်ဆေးတွေရရင် ဖြန့်ပေးမယ်ဆိုတဲ့ ကတိပြုချက်အတိုင်း ဆောင်ရွက်ဖို့ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်းယင်က ပြောသည်။ တရုတ်နိုင်ငံမှာ အစောပိုင်းက COVAX စီမံကိန်းတွင် ပါဝင်ရန် ငြင်းဆန်ခဲ့ပြီးမှ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့သည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးပေ။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ