နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှစ်နာရီအတွင်း ဓာတ်ခွဲနမူနာ ၃၈၄ ခု စစ်နိုင်သည့်စက်တပ်ဆင် COVID-19 ရောဂါပိုး ရှိ၊ မရှိကို ပိုမိုစစ်ဆေးပေးနိုင်တော့မည်

ရန်ကုန် ဧပြီ ၂၇ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ AA Medical Products Ltd မှ လှူဒါန်းထားသည့် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်နိုင်သော Cobas 6800 စက်ကို ဧပြီ ၂၇ ရက် အပြီးတပ်ဆင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။ အဆိုပါစက်ကို ဧပြီ ၂၄ ရက်မှစတင်၍ တပ်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယခုဆိုလျှင် ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ ယင်းတပ်ဆင်မှုလုပ်ငန်းများ ပြီးစီးပါက အရည်အသွေးပြည့်ဝမှု စစ်ဆေးခြင်းကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။ ထိုသို့ တပ်ဆင်စစ်ဆေးမှုများကို စနစ်တကျဆောင်ရွက်ပြီးပါက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)တွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် (Standard PCR) COVID-19 ဓာတ်ခွဲစစ်ဆေးမှုများနှင့် ပြိုင်တူစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။ Cobas 6800 စက်ကို မေလ၊ ပထမပတ်တွင် စတင်အသုံးပြု၍ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားသည်။ ယင်းစက်သည် ၈ နာရီကြာလည်ပတ်အသုံးပြုပါက ဓာတ်ခွဲနမူနာပေါင်း ၃၈၄ ခုကို စစ်ဆေးနိုင်မည် ဖြစ်သည်။ ယခုအခါ စောင့်ကြည့်လူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ၊ အသွားအလာ ကန့်သတ်ထားသူများအနက်မှ သတ်မှတ်ရာခိုင်နှုန်းကို ဓာတ်ခွဲစစ်ဆေးလျက်ရှိရာ Cobas 6800 စက် တပ်ဆင်မှု ပြီးစီးပါက COVID-19 ရောဂါပိုး ရှိ၊ မရှိကို ပိုမိုစစ်ဆေးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ