နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ကိုရီးယားနိုင်ငံ စစ်ရေးပြပွဲတွင် ဧရာမတိုက်ချင်းပစ်ဒုံးကျည်ကို ပြသ

အောက်တိုဘာ ၁၁၊ ပြုံယမ်း

ကိုရီးယားအလုပ်သမားပါတီ တည်ထောင်သည့် ၇၅ နှစ်မြောက် အခမ်းအနားအဖြစ် မြောက်ကိုရီးယား နိုင်ငံက အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်အရုဏ်တက်အချိန်မတိုင်မီ စစ်ရေးပြပွဲအခမ်းအနား ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးနှင့် တားဆီးဟန့်တားရေးအတွက် စစ်အင်အား ပိုကောင်းလာအောင် ဆောင်ရွက်သွားမည်ဟု ကင်ဂျုံအန်က ဆိုသည်။

ထို့အပြင် မြောက်ကိုရီးယားနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူမရှိသည့်အတွက် ကျေနပ်ဝမ်းမြောက်မိကြောင်း ပြောခဲ့သည်။ '' မိစ္ဆာဗိုင်းရပ်စ်ကို အန်တုရင်ဆိုင်နေရတဲ့ ကမ္ဘာတစ်ဝန်းက လူသားတွေအားလုံး ကျန်းမာကြစေဖို့ ကျွန်တော် ဆုတောင်းပါတယ်'' ဟု ကင်ဂျုံအန်က ဆိုသည်။ မြောက်ကိုရီးယားနိုင်ငံမှာ ထူးထူးခြားခြားအနေဖြင့် ပြီးခဲ့သည့် စနေနေ့နံနက် အရုဏ်တက်ချိန်မတိုင်မီ စစ်ရေးပြပွဲ ကျင်းပခဲ့ပြီး စနေနေ့ညနေပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာမှ ပြန်လည်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားသို့ ပြည်ပမီဒီယာနှင့်နိုင်ငံခြားသားများ လာရောက်ခွင့်မရှိသည့်အတွက် နိုင်ငံရေး ကျွမ်းကျင်သူများမှာ နိုင်ငံပိုင်မီဒီယာမှ ထုတ်လွှင့်သည့် တည်းဖြတ်ပြီးသား ရုပ်သံမှတ်တမ်းကို ကြည့်ရှုပြီး လေ့လာသုံးသပ်ခဲ့ရသည်။

မြောက်ကိုရီးယားနိုင်ငံသား တစ်ဦးတစ်ယောက်မျှ COVID-19 ရောဂါ ကူးစက်ခံရခြင်းမရှိဆိုသည့်အချက်မှာ မဖြစ်နိုင်ဟု ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထားသော်လည်း စစ်ရေးပြပွဲ အခမ်းအနားကို တက်ရောက်လာသူအားလုံးနီးပါး နှာခေါင်းစည်းဝတ်ဆင်ခဲ့ကြခြင်းမရှိပေ။ ပုံမှန်အားဖြင့် စစ်ရေးပြပွဲ အခမ်းအနားများတွင် ဒုံးကျည်သစ်များ၊ လက်နက်သစ်များကို ထုတ်ပြလေ့ရှိသည့် မြောက်ကိုရီးယားနိုင်ငံမှာ ယခုနောက်ဆုံးကျင်းပခဲ့သည့် စစ်ရေးပြပွဲတွင်လည်း ဧရာမ တိုက်ချင်းပစ်ဒုံးကျည်ကြီးကို ပြသခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ