နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်နယ်ထရမ့်က အခြားသူများထံ COVID-19 ရောဂါပိုး ကူးစက်စေနိုင်ခြင်းမရှိတော့ဟု သမားတော်ဆို

အောက်တိုဘာ ၁၁၊ ဝါရှင်တန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခြားသူများကို COVID-19 ရောဂါပိုး ကူးစက်စေနိုင်ခြင်းမရှိတော့ကြောင်း အိမ်ဖြူတော်၏ သမားတော် ရှောင်ကွန်လေက ပြောသည်။ ပြီးခဲ့သည့်ကြာသပတေးနေ့တွင် ဒေါ်နယ်ထရမ့် ဆေးရုံမှဆင်းလာခဲ့ပြီးနောက်ပိုင်း ယင်း၏ကျန်းမာရေးနှင့်ပတ်သက်၍ သမားတော် ရှောင်ကွန်လေက ပထမဆုံးအကြိမ် ပြောကြားမှုဖြစ်သည်။

ပြီးခဲ့သည့်စနေနေ့ နံနက်အစောပိုင်းတွင် ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ ယင်းအပေါ် အားပေးထောက်ခံသူများကို မိန့်ခွန်းပြောခဲ့သည်။ ဒေါ်နယ်ထရမ့်မှာ COVID-19 ရောဂါပိုး ကူးစက် ခံရပြီးနောက်ပိုင်း လူထုနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သည်။ COVID-19 ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဆေးရုံတွင် ၃ ညကြာ ကုသမှုခံယူခဲ့ရသည့် ဒေါ်နယ်ထရမ့်အနေဖြင့် ရောဂါကူးစက်နိုင်ချေရှိသေးသည်ဆိုသည့် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ သို့သော် ယခုနောက်ဆုံး စစ်ဆေးမှုများအရ ဒေါ်နယ်ထရမ့်၏ ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်ပွားများမှု မရှိတော့ကြောင်းတွေ့ရပြီး ဗိုင်းရပ်စ်ပမာဏ လျော့ကျသွားကြောင်း ရှောင်ကွန်လေက ပြောသည်။ သို့သော် ဒေါ်နယ်ထရမ့်အနေဖြင့် ရောဂါပိုးမရှိ(Negative)ထွက်ပြီဟု ဖော်ပြထားခြင်းမရှိပေ။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ