အောက်တိုဘာ ၁၁၊ ပါရီ
ပြင်သစ်နိုင်ငံ အနောက်အလယ်ပိုင်းတွင် လေယာဉ်ငယ်နှစ်စင်း လေထဲတွင် တိုက်မိခဲ့ခြင်းကြောင့် လူငါးဦး သေဆုံးခဲ့ကြောင်း ဒေသခံအရာရှိများက ပြောသည်။ ပြီးခဲ့သည့်စနေနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲအချိန်က ပြင်သစ်နိုင်ငံ တိုးမြို့၏ အရှေ့တောင်ဘက်တွင် လေယာဉ်ငယ်နှစ်စင်း တိုက်မိခဲ့ခြင်းဖြစ်ပြီး မီးသတ်သမား ၅၀ နီးပါးအပါအဝင် အရေးပေါ်အဖွဲ့ဝင်များ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့သည်။
အဆိုပါဖြစ်ရပ်တွင် မြေပြင်ပေါ်၌ ရှိနေသူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိပေ။ လူနှစ်ဦး လိုက်ပါလာသည့် အသေးစား လေယာဉ်ငယ်မှာ တိုးမြို့၏ အရှေ့တောင်ဘက် ၂၉ မိုင်အကွာရှိ လိုရှေးမြို့မှ နေအိမ်ခြံစည်းရိုးအနီးတွင် ပျက်ကျခဲ့သည်။
လေယာဉ်ငယ်ပျက်ကျခဲ့သည့် နေရာမှာ ပြင်သစ်ပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားနေသည့် နေရာနှင့် နီးစပ်သည်။ အဆိုပါလေယာဉ်ငယ်မှာ မီတာပုံးပေါ်သို့ ပျက်ကျခဲ့ပြီးနောက် မီးလောင်ပေါက်ကွဲခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။ လူသုံးဦး လိုက်ပါလာသည့် Diamond DA40 လေယာဉ်မှာ လူမနေသည့် နေရာသို့ ပျက်ကျခဲ့သည်။ လေယာဉ်နှစ်စင်း တိုက်မိသည့်အကြောင်းရင်း၊ သေဆုံးခဲ့သူများ၏ အမည်များနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ မသိရသေးပေ။
Ref:BBC(KNT)