နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွန်မြတ်သည့်စိတ်ထားဖြင့် လုပ်ဆောင်နိုင်ရေး

အောက်တိုဘာ   ၁၁

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြောင်းလဲမှု၊ စီးပွားရေးပြောင်းလဲမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုများကို မြင့်တွေ့ နေရပြီဖြစ်သည်။ လောကတစ်ခွင် ထာဝရငြိမ်းချမ်းသာယာစေချင်သည်မှာ လူတိုင်း၏လိုအင်ဆန္ဒဖြစ်သည်။ အကျည်းတန် အရုပ်ဆိုးသည့် ပတ်ဝန်းကျင်၊ မနှစ်မြို့ဖွယ်ရာရပ်ဝန်းတို့ကို မည်သူမျှ အလိုရှိမည်မဟုတ်ချေ။ အားလုံးမှာ အေးချမ်းစွာနေထိုင်ချင်သဖြင့် ငြိမ်းချမ်းမှုကိုဖျက်ဆီးမည့်အရာမှန်သမျှကို သတိပြုကြရမည်ဖြစ် သည်။ ပြည်သူလူထုအကျိုး၊ ပြည်သူတို့၏ လူမှုစီးပွားရေးဘဝတို့ကို ကူညီဖော်ဆောင်ပေးကြရာတွင် အပြုသဘောဆောင်၊ အကောင်းမြင်စိတ်ထားကာ စေတနာသန့်သန့်ဖြင့် ကူညီဆောင်ရွက်ပေးခြင်းသည် မွန်မြတ်သည့်လုပ်ငန်းတစ်ရပ်ဖြစ်သည်။

မျက်မှောက်ကာလတွင် ထင်သာမြင်သာရှိပြီး လွတ်လပ်ပွင့်လင်းသည့် လူမှုအဖွဲ့အစည်းကို တည်ဆောက် နေသည့် အချိန်ကာလဖြစ်သည်။ ပွင့်လင်းမြင်သာသည့် အပြုအမူများမှာ အများလိုလားသည့်ဆောင်ရွက်ချက် ဖြစ်သည်။ ပြည်သူလူထု၏ လိုအပ်ချက်ကို အကြောင်းပြု၍ အဘက်ဘက်တွင် အကျပ်အတည်း အခက်အခဲ ဖြစ်အောင် အပြုသဘောမဆောင်သည့် အပြုအမူများ ဆောင်ရွက်မှုများကို သတိထားရှောင်ကြဉ်ကြရမည် ဖြစ်သည်။ ပြည်သူလူထုတောင့်တသည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်တို့ ယနေ့ အခြေအနေတွင် ပြောင်းလဲပေါ်ပေါက်လာနေသည်။

ယနေ့နိုင်ငံတော်အစိုးရလက်ထက်တွင်  ဝိရောဓိများကို ငြိမ်းချမ်းစွာအဖြေရှာရေးသည် နိုင်ငံရေးယဉ်ကျေးမှု အခင်းအကျင်းပင်ဖြစ်သည်။ ပြည်သူလိုလားချက်ကို အကြောင်းပြု၍ အပြုသဘောမဆောင်သော ဆောင်ရွက် ချက်များသည် ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်စေနိုင်သော မမှန်ကန်သည့် လုပ်ဆောင်မှုဟု ဆိုရမည်ဖြစ်သည်။ မဟုတ်မမှန်သော သတင်းစကား၊ သိမ်ဖျင်းရုန့်ရင်းသော သတင်းစကား၊ အခြားတစ်ပါးသောသူကို ထိခိုက်နစ်နာ အောင် လုပ်ကြံပြောဆိုသော သတင်းစကား၊ ဥပဒေနှင့်မလွတ်ကင်းသော သတင်းစကားတို့ကို ပြောဆိုဖြန့်ချိ ထုတ်ဝေခြင်းသည် အမုန်းစကား ဘေးပယောဂတို့ကို ဖြစ်ပေါ်စေသည်။
ဘေးပယောဂ တွန်းအားပေးမှုကြောင့် မဖြစ်သင့် မဖြစ်ထိုက်သည်ကို မဖြစ်ပွားအောင် ဆင်ခြင်စေချင် ကြောင်း . . . . .  ။       ။






အခြားဆက်စပ်သတင်းများ