နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကန်တီနဲ့ အဲရစ်ဆင်ကို အလဲအထပ်လုပ်ချင်တာက အင်တာ၊ ချဲလ်ဆီးလိုချင်တာက ဒစ်ကလန်ရိုက်စ်

အောက်တိုဘာ  ၁၀


ပိတ်သိမ်းသွားတဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ အင်တာတို့ဟာ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကန်တီကိုခေါ်ယူဖို့ ကြိုးစားရာမှာ အောင်မြင်မှုမရခဲ့ဘဲ နောက်ဆုံး သူတို့အသင်းရဲ့ ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်နဲ့ အလဲအထပ်သဘောမျိုးအဖြစ် ကန်တီအတွက် ထပ်မံကမ်းလှမ်းခဲ့ပါတယ်။ ဒီကမ်းလှမ်း ချက်ကို ချဲလ်ဆီးက ပယ်ချခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကန်တီဟာ ဒီနွေဈေးကွက်မှာ အသင်းက ထွက်ခွာရဖို့ နီးစပ်သူပါ။ နည်းပြလမ်းပတ်က ကန်တီနေရာမှာ ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်ကိုအစားထိုးချင်နေတာပါ။ အင်တာကတော့ ကန်တီကိုလိုချင်တာပါ။ ဒါပေမယ့် ချဲလ်ဆီးနဲ့ အကြိမ်ကြိမ်ညှိနှိုင်းမှုတွေ၊ ကမ်းလှမ်းမှုတွေလုပ်ပေမယ့် အသင်းနှစ်သင်းကြား တစ်စုံတစ်ရာမျှ သဘောတူညီမှု မရခဲ့ပါဘူး။ အီတလီသတင်းမီဒီယာတစ်ခုဖြစ်တဲ့ CalciaMercato. Com က ဖော်ပြလာတာက အင်တာဟာ ကန်တီကို အသင်းဆီအရခေါ်ချင်နေခဲ့တာပါ။ ဒါကြောင့် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား  အဲရစ်ဆင်နဲ့ အလဲအထပ်သဘောမျိုးကမ်းလှမ်းခဲ့ပေမယ့် ချဲလ်ဆီးတို့က ချက်ချင်းပယ်ချခဲ့ပါတယ်။ အင်တာက အဲရစ်ဆင်ကို ပြန်လည်ရောင်းချချင်ပေမယ့် ကမ်းလှမ်းမှုတွေမရှိခဲ့တာကြောင့် အသင်းမှာသာ ဆက်ထား ရတော့မှာဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ စပါးမှာ ခြေစွမ်းပြနိုင်သလောက် အင်တာမှာ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ နည်းပြကွန်တီရဲ့ ကစားကွက်မှာ အံဝင်အောင်ကစားဖို့ ရုန်းကန်နေရသူပါ။ ကစားသမားကိုယ်တိုင်ကလည်း နည်းပြနဲ့ လမ်းခွဲချင်ပါတယ်။    (SO)






အခြားဆက်စပ်သတင်းများ