နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Wear OS အသုံးပြုထားသည့် Fossil Gen 5E ကို ကြေညာ

အောက်တိုဘာ  ၁၀


Fossil က စမတ်နာရီသစ် Gen 5E ကို ကြေညာလာပြီး အဆိုပါ စမတ်နာရီကို ၄၂ မီလီမီတာနှင့် ၄၄ မီလီမီတာ ဗားရှင်းတို့ဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။

Gen 5E မှာလည်း ယမန်နှစ်ထွက် Gen 5 ကို အခြေခံလုပ်ဆောင်ထားပြီး AMOLED ရုပ်ထွက်၊ Snapdragon Wear 3100 Chipset အသုံးပြုထားသလို စပီကာနှင့် မိုက်ခရိုဖုန်းလည်းပါဝင်ကာ ဖုန်းပြောဆို နိုင်မည်ဖြစ်သည်။

နှလုံးခုန်နှုန်းတိုင်းဆင်ဆာ၊ အိပ်ချိန်တိုင်းဆင်ဆာ ပါဝင်သလို အားကစားလှုပ်ရှားမှု Tracking စနစ် လည်း ပါဝင်သည်။ 3ATM ရေစိမ်ခံစနစ်ပါဝင်သလို NFC နှင့် Always-on Display စနစ်လည်း ပါဝင်သည်။

အဆိုပါ စမတ်နာရီမှာ ဈေးနှုန်းသက်သာသောကြောင့် GPS, Compass, Light Sensor နှင့် Non-Rotation Crown စနစ်များ မပါဝင်သလို Storage ကလည်း 4GB သာ ပါဝင်သည်။

Gen 5E ကို သားရေ၊ စတိန်းလက်စ်စတီး၊ စီလီကွန်ဗားရှင်းလက်ပတ်တို့ဖြင့် ရွေးချယ်နိုင်သည်။ ဘက်ထရီ 300 mAh ပါဝင်ပြီး Magnetic Charger ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။ အဆိုပါ စမတ်နာရီက ဈေးနှုန်းအနေဖြင့် ၂၄၉ ဒေါ်လာ သတ်မှတ်ထားပြီး နိုဝင်ဘာ ၃ ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ