နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေမည့် A Bank Corporate iBanking နည်းပညာဖြင့် ဆန်းသစ်မှုများဖန်တီးနိုင်

ရန်ကုန်  အောက်တိုဘာ  ၁၀


အောင်မြင်နေသော စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအတွက် မရှိမဖြစ် လိုအပ်သည့် ဝန်ထမ်းများလစာငွေပေးခြင်း၊ လုပ်ငန်း Supplier များထံသို့ ငွေလွှဲပို့ခြင်းနှင့် မိမိငွေပေးချေလိုသော အချိန်သတ်မှတ်ပြီး ငွေပေးချေမှုပြုလုပ်နိုင်ခြင်းတို့ကို လုပ်ငန်းရှင်များ၏ ရုံး၊ အိမ်တို့အပြင် Internet ရရှိနိုင်မည့် မည်သည့်နေရာဒေသတွင်မဆို အချိန်ကုန်သက်သာပြီး လွယ်ကူလျင်မြန်စွာဖြင့် ဆောင်ရွက်နိုင်ရန်အတွက်     A Bank ၏ Corporate iBanking စနစ်ကို စတင်အသုံးပြုနိုင်ပြီဖြစ်သည်။ 

ထို့အပြင် အင်တာနက်ဘေလ်ဝယ်ယူခြင်းနှင့် ဖုန်းဘေလ်ဝယ်ယူခြင်းများလည်း ဆောင်ရွက်နိုင်ပြီဖြစ် သည်။ ထူးခြားချက်အနေဖြင့် ငွေလွှဲပေးပို့ခြင်းများပြုလုပ်ရာတွင် Transaction ပြုလုပ်သူ Maker နှင့် Transaction အတည်ပြုသူ Approver များ သတ်မှတ်ပြုလုပ်နိုင်သည်။ ထိုသို့သတ်မှတ်ရာတွင်လည်း ဌာနအလိုက် ရာထူးအလိုက်အဆင့်ဆင့်သတ်မှတ်နိုင်သည့်အတွက်ကြောင့် လုပ်ငန်းသုံး Digital Banking နည်းပညာများကို A bank နှင့်အတူမြှင့်တင် အသုံးပြုနိုင်ပြီဖြစ်သည်။ 

A Bank ၏ Corporate iBanking နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များရှိပါက ဖုန်းနံပါတ်  09780227722 များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်။   (WP)






အခြားဆက်စပ်သတင်းများ