နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ဘနွန်နိုင်ငံတွင် လောင်စာကန်ပေါက်ကွဲခဲ့၍ အနည်းဆုံး လူလေးဦး သေဆုံး

အောက်တိုဘာ ၁၀၊ ဘေရွတ်


လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မြို့ရှိ လူဦးရေထူထပ်သည့် တည်နေရာတွင် လောင်စာကန် ပေါက်ကွဲခဲ့ ခြင်းကြောင့် အနည်းဆုံး လူလေးဦး သေဆုံးခဲ့ပြီး လူ ၂၀ ဒဏ်ရာရခဲ့သည်။ တာရစ်အယ်ဂျေဒစ်ခရိုင်တွင် လောင်စာကန် မီးလောင်ခဲ့ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ မီးလောင်ရခြင်းအကြောင်းရင်းကို တိတိကျကျ မသိရသေးပေ။ 

ပြီးခဲ့သည့်သြဂုတ်လကလည်း ဘေရွတ်မြို့ရှိ ဆိပ်ကမ်းတွင် သိုလှောင်ထားသည့် အမိုးနီးယန်းနိုက်ထရိတ် တန်ချိန် ထောင်ပေါင်းများစွာကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၂၀၃ ဦး သေဆုံးခဲ့သည်။ အဆိုပါပေါက်ကွဲမှုမှာ သမိုင်းတစ်လျှောက်တွင် နျူကလီးယားပေါက်ကွဲမှုမဟုတ်သည့် ပေါက်ကွဲမှုများအနက် အကြီးမားဆုံး ပေါက်ကွဲမှုဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။ လက်ဘနွန်နိုင်ငံတွင် ဘဏ္ဍာရေးအကျပ်အတည်း ဆိုးဆိုးဝါးဝါး ကြုံနေပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ယခုနောက်ဆုံး မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ