နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် ဆွစ်ဇာလန်အမျိုးသမီး အသတ်ခံရ

အောက်တိုဘာ ၁၀၊ ဂျီနီဗာ


မာလီနိုင်ငံတွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် ဆွစ်ဇာလန်အမျိုးသမီးမှာ လွန်ခဲ့သည့် တစ်လက အသတ်ခံခဲ့ရကြောင်း ဆွစ်ဇာလန်နိုင်ငံ အရာရှိများက ကြေညာခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးက ဓားစာခံအမျိုးသမီး အသတ်ခံရသည့်ဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး ယင်း၏ရုပ်အလောင်းကို ရှာဖွေရန် ကြိုးပမ်း လျက်ရှိသည်ဟု ဆိုသည်။ ပြင်သစ်နိုင်ငံ၏ ပရဟိတဝန်ထမ်းတစ်ဦးဖြစ်သည့် ပက်ထရိုနင်က ဆွစ်ဇာလန် အမျိုးသမီး သေဆုံးမှုကို ပြင်သစ်အာဏာပိုင်များထံ သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ 

အသက် ၇၅ နှစ်ရှိသည့် ပက်ထရိုနင်သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယခုရက်သတ္တပတ်အတွင်း ပြန်လည်လွတ်မြောက်လာခဲ့သည်။ ပက်ထရိုနင်မှာ ကမ္ဘာ့နိုင်ငံ/ ဒေသ တစ်ခုတွင် ဓားစာခံအဖြစ် နောက်ဆုံးထိန်းသိမ်းခံရသည့် ပြင်သစ်နိုင်ငံသူဖြစ်သည်။ အီတလီနိုင်ငံသား       ၂ ဦးနှင့် မာလီနိုင်ငံအတိုက်အခံခေါင်းဆောင်ဟောင်း ဆူမိုင်လာဆစ်စီမှာလည်း ယခုရက်သတ္တပတ်အတွင်း ပြန်လည်လွတ်မြောက်လာခဲ့သည်။ အယ်လ်ကေးဒါးအဖွဲ့နှင့် ဆက်နွှယ်နေသည်ဟု ယုံကြည်ထားသည့် ဂျီဟတ် ၁၀၀ ကျော်နှင့် အကျဉ်းသားအလဲအထပ်လုပ်သည့်အနေဖြင့် ယင်းတို့သုံးဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ