နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကူးစက်မှုများဖြစ်ပွားစေခဲ့သည့် အိမ်ဖြူတော်စုဝေးပွဲကို အန်သိုနီဖော်စီ ဝေဖန်

အောက်တိုဘာ ၁၀၊ ဝါရှင်တန်


ပြီးခဲ့သည့်လက အိမ်ဖြူတော်တွင် ကျင်းပခဲ့သည့် စုဝေးပွဲမှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ဆက်နွှယ် နေခြင်းကြောင့် အမေရိကန်နိုင်ငံ၏ ထိပ်တန်းဆရာဝန် အန်သိုနီဖော်စီက အိမ်ဖြူတော်ကို ဝေဖန်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အထက်တရားရုံးချုပ်၏ တရားသူကြီးအဖြစ် ယင်းရွေးချယ်ခဲ့သူကို မိတ်ဆက်ခဲ့သည့် အခမ်းအနားမှာ COVID-19 ရောဂါ အကြီးအကျယ် ကူးစက်ပျံ့နှံ့စေခဲ့သည်ဟု အိမ်ဖြူတော်၏ COVID-19 ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အန်သိုနီဖော်စီက ပြောသည်။  " အိမ်ဖြူတော်မှာ ဗိုင်းရပ်စ်အကြီးအကျယ် ပျံ့နှံ့သွားတဲ့ အခမ်းအနားတစ်ခု ရှိခဲ့တယ်ဆိုတာကို အချက်အလက်တွေက ဖော်ပြနေပါတယ်။ အဲဒီအခမ်းအနားမှာ လူတွေပြွတ်သိပ်နေပြီး နှာခေါင်းစည်းလည်း မတပ်ဆင်ခဲ့ကြပါဘူး ''ဟု အန်သိုနီဖော်စီက ဆိုသည်။ 

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေခြင်းကြောင့် ကြီးမားသည့်စုဝေးပွဲများကို ပိတ်ပင်ထားသော်လည်း အိမ်ဖြူတော်ကဲ့သို့ ပြည်ထောင်စုအစိုးရ၏ အဆောက်အအုံများကို ခြွင်းချက် အဖြစ် ခွင့်ပြုထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဇနီးမောင်နှံနှင့် အိမ်ဖြူတော်၏ အရာရှိဒါဇင်ပေါင်းများစွာ ရောဂါကူးစက်ခံခဲ့ရသည်။ သို့သော် ဒေါ်နယ်ထရမ့်မှာ COVID-19 ရောဂါမှ ပြန်လည်သက်သာလာခြင်းကြောင့် လူထုနဲ့တွေ့ဆုံရမည့် အခမ်းအနားများ ကျင်းပခွင့်ရရှိပြီဟု ယင်း၏ သမားတော်များက ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ