နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝူဟန်မြို့ရှိ ကိုရိုနာဗိုင်းရပ်စ် လူနာအားလုံး ဆေးရုံမှ ပြန်ဆင်းပြီ

ဧပြီ ၂၇၊ ဘေဂျင်း ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ရာနေရာဖြစ်သည့် ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရ သူအားလုံး ဆေးရုံများမှ ပြန်ဆင်းနိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ မီဖုန်းက ပြောသည်။ '' ဝူဟန်မြို့နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပူးပေါင်းကြိုးပမ်းမှုကြောင့် ဧပြီလ ၂၆ ရက်မှာတော့ ဝူဟန်မြို့‌ဆေးရုံတွေမှာ ကုသမှုခံယူနေရတဲ့ COVID-19 လူနာအားလုံး ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါပြီ''ဟု မီဖုန်းက ပြောသည်။ ဝူဟန်မြို့မှာ COVID-19 ကြောင့် ကမ္ဘာပေါ်တွင် ပထမဆုံး အသွားအလာပိတ်ဆို့မှု (lockdown) ခံခဲ့ရသည့် မြို့ဖြစ်ပြီး ၇၆ ရက်ကြာ ပိတ်ဆို့ခံခဲ့ရသည်။ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများ လနှင့်ချီ ခံစားခဲ့ရပြီးနောက် တဖြည်းဖြည်းချင်း ပုံမှန်အခြေအနေဆီ ပြန်လည်ဦးတည်နေပြီဖြစ်သည်။ သို့သော် ဝူဟန်မြို့ခံများနှင့် ဟူပေပြည်နယ်တွင် နေထိုင်သူများက ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း ကြုံရမည်ကို စိုးရိမ်ပူပန်နေပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရန် အခက်တွေ့နေသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလလယ်က စတင်တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းရောဂါကူးစက်ခံရသူ သုံးသန်းနီးပါး ရှိနေသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ