Coronavius Disease 2019 (COVID -19 ) ရောဂါ ကာကွယ်၊ထိန်းချုပ် ၊ကုသနိုင်ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိူးမင်းသိန်းသည် ယနေ့ နေ့လည် ၁ နာရီက ခရိုင်/မြို့နယ် အဆင့် လုပ်ငန်းကော်မတီများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိ့နိုင်းအစည်းအဝေးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မြို့နယ်အဆင့် အုပ်ချုပ်ရေးများမှ မိမိတို့မြို့နယ်အတွင်း COVID -19 ရောဂါနှင့် ပတ်သက်၍ ပြင်ဆင် ဆောင်ရွင်ထားရှိမှုအခြေအနေများအား ရန်ကုန်တိုင်းဝန်ကြီးချုပ်သို့တင်ပြကာ ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုး၊လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် နှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင် / မြို့နယ် မှ အုပ်ချုပ်ရေးမှူးများ စုံလင်စွာတက်ရောက်ခဲ့ကြသည်။ မိုးမြင့်မောင်