နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မှောင်ခိုဈေးကွက်တွင် ရောင်းချမယ့် နှာခေါင်းစည်း ၁၄၀၀၀၀ ကို ပြင်သစ်ရဲတပ်ဖွဲ့ သိမ်းဆည်း

ဧပြီ ၂၇၊ ပါရီ မှောင်ခိုဈေးကွက်တွင် ရောင်းချရန် ပို့ဆောင်ခဲ့သည့် နှာခေါင်းစည်း ၁၄၀၀၀၀ ကို ပြင်သစ်ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။ ပါရီမြို့မြောက်ပိုင်း စိန့်ဒင်းနစ်မြို့ရှိ နေအိမ်တစ်လုံးတွင် စီးပွားရေးသမားတစ်ဦးက လော်ရီကားပေါ်မှ နှာခေါင်းစည်းအထုပ်များချနေစဉ် လက်ပူးလက်ကြပ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းများကို အထောက်အကူပစ္စည်းများ ပံ့ပိုးနိုင်ရန်အတွက် ဈေးကွက်ထဲရောက်နေသည့် နှာခေါင်းစည်းများနှင့် စက်ရုံများက ထုတ်လုပ်မည့် နှာခေါင်းစည်းအားလုံးကို အစိုးရထံ အပ်နှံကြရန် ပြီးခဲ့သည့်လက ပြင်သစ်နိုင်ငံတွင် အမိန့်ထုတ်ပြန်ခဲ့သည်။ ဆက်စပ်သတင်းတစ်ရပ်အရ တရုတ်နိုင်ငံတွင်လည်း အာဏာပိုင်တွေက အရည်အသွေးညံ့သည့် နှာခေါင်းစည်း ၈၉ သန်းကို သိမ်းဆည်းခဲ့သည်။ တရုတ်နိုင်ငံမှာ အရည်အသွေးညံ့သည့် နှာခေါင်းစည်းများ တင်ပို့ခဲ့ခြင်းကြောင့် ဝေဖန်မှုများ ရင်ဆိုင်နေရသည်။ ဂျာမနီနိုင်ငံတွင် ဧပြီလ ၂၇ ရက်မှစတင်ပြီး ဈေးဆိုင်များ၊ အများပြည်သူ ပို့ဆောင်ရေးစနစ်များတွင် နှာခေါင်းစည်းမဖြစ်မနေ ဝတ်ဆင်ကြရန် အမိန့်ထုတ်ထားသည်။ ထို့ကြောင့် နှာခေါင်းစည်းများ ပြတ်လပ်သလောက်နီးပါး ဖြစ်နေသည်ဟု ဂျာမနီနိုင်ငံ၏ ဆေးဝါးပစ္စည်း ထုတ်လုပ်ရောင်းချသူများက ပြောသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ