နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သက်ငယ်ရာဇဝတ်သားများအပေါ် သေဒဏ်ချမှတ်မှုကို ဆော်ဒီပယ်ဖျက်

ဧပြီ ၂၇၊ ရီယာ့ဒ် အသက်မပြည့်သေးမီ ရာဇဝတ်မှုကျူးလွန်သူများကို သေဒဏ်ချမှတ်မည်မဟုတ်တော့ကြောင်း ဆော်ဒီနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ပြောသည်။ ကြိမ်ဒဏ်ရိုက်သည့် ပြစ်ဒဏ်ကို ပယ်ဖျက်တော့မည်ဟု ပြောခဲ့ပြီး နှစ်ရက်အကြာတွင် ဆော်ဒီဘုရင် ဆယ်မန်က တော်ဝင်အမိန့် ဒီကရီ ထုတ်ပြန်ခဲ့ခြင်းဟု ဆိုသည်။ ဆော်ဒီနိုင်ငံမှာ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်းတွင် ပါဝင်လက်မှတ်ရေးထိုးထားသည့်နိုင်ငံ ဖြစ်သည်။ အသက်မပြည့်သေးချိန်မှာ ပြစ်မှုကျူးလွန်သူများကို သေဒဏ်မချမှတ်သင့်ကြောင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်းက ပြောသည်။ ဆော်ဒီဘုရင် ထုတ်ပြန်ခဲ့သည့် အမိန့်ဒီကရီအရ အသက်မပြည့်သေးသူများ ပြစ်ဒဏ်ကျူးလွန်ပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ်သာ ချမှတ်ရမည်ဟု ဖော်ပြထားသည်။ ဆော်ဒီနိုင်ငံမှာ ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးမှတ်တမ်း အဆိုးရွားဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။ ၂၀၁၉ ခုနှစ်အတွင်း ဆော်ဒီနိုင်ငံတွင် ကွပ်မျက်ခံရသူ ၁၈၄ ယောက်ရှိသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ