နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်

အောက်တိုဘာ   ၉


မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအဖြစ်များနေသောကာလဖြစ်သည်။ လူ့ပယောဂ ကြောင့်ဖြစ်သော ဘေးများကို မဖြစ်ပေါ်အောင် တားဆီး၍ ရကောင်းရမည်ဖြစ်သော်လည်း သဘာဝပယောဂ  ကြောင့်ဖြစ်သော ဘေးများကို တားဆီး၍ရနိုင်မည်မဟုတ်ပေ။ သဘာဝပယောဂကြောင့် ဘေးများအဖြစ်များ လာပြီး ဘေးကြောင့် လူ့အသက်အိုးအိမ်စည်းစိမ်များ၊ အခြေခံအဆောက်အအုံနှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံးမှုများလည်း ပိုမိုများပြားလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက် မပြတ် တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း တိုင်းဒေသကြီးမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ သည်။

ယခုရက်ပိုင်းအတွင်း အထက်မြန်မာပြည်ရှိ ကချင်ပြည်နယ်တွင် မိုးသည်းထန်စွာ နေရာကွက် ရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ဧရာဝတီမြစ်ရေသည် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့အချို့တွင် စိုးရိမ် ရေမှတ်သို့ရောက်ရှိလာခဲ့သည်။ ယနေ့ မြန်မာစံတော်ချိန် ၆ နာရီခွဲ တိုင်းထွာချက်များအရ ထိုင်းပင်လယ်ကွေ့ တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့ပြီး ကပ္ပလီပင်လယ်ပြင်တွင် လေပွေလှိုင်းအဖြစ် အားလျော့ကာ နောက် ၆ နာရီအတွင်း ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ယင်းလေပွေလှိုင်း၏အရှိန်ကြောင့် အောက်တိုဘာ ၁၃ ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်။ ယင်းအပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် ချောင်းငယ်၊ မြစ်ငယ်များအနီးတွင် နေထိုင်ကြသူများ ကြိုတင်သတိပြုနေထိုင်ကြရန် အသိပေးထားသည်။ သဘာဝဘေးများအနက် မုန်တိုင်းနှင့် ဆူနာမီရေလှိုင်းတို့ကဲ့သို့ သဘာဝဘေးများကို ကြိုတင်ခန့်မှန်းတွက်ချက် နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းပါးအောင် ကာကွယ်နိုင်မည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် လျော့ပါးရေးတွင် ကြိုတင်ပြင်ဆင်ခြင်းသည် အကောင်းဆုံးနည်းလမ်းဟု ဆိုချင်ပါကြောင်း . . . . . ။    ။






အခြားဆက်စပ်သတင်းများ