နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
HUAWEI MatePad T 8 နှင့် MatePad T 10 တို့တွင် ကလေးငယ်များ ပက်လက်အနေအထားဖြင့် ဖုန်း/ တက်ဘလက်အသုံးပြုနေပါက Kids Corner App က သတိပေးသွားမည်

အောက်တိုဘာ  ၉


ကလေးငယ်များ တက်ဘလက်အသုံးပြုနေစဉ်ဖြစ်စေ၊ ဖုန်းအသုံးပြုနေစဉ်ဖြစ်စေ ပက်လက် အနေအထားဖြင့် အသုံးပြုသည့်အခါ မတော်တဆပြုတ်ကျပြီး ကလေးငယ်များကို ထိခိုက်မှုဖြစ်စေနိုင်သည်။ အဆိုပါ ထိခိုက်မှုမျိုးမဖြစ်စေရန်အတွက် ကာကွယ်နိုင်ရန် HUAWEI MatePad T 8 နှင့် MatePad T 10 တွင်ပါသည့် Kids Corner App ၏ Posture Alert Feature က ကလေးငယ်များ ပက်လက်အနေအထားဖြင့် အသုံးပြုနေပါက သတိပေးသွားမည်ဖြစ်ပြီး ပုံမှန်အနေအထားမရောက်မချင်း တက်ဘလက်/ ဖုန်းတို့ကို အသုံးပြုနိုင်ခြင်းမရှိဘဲ စဉ်ဆက်မပြတ် သတိပေးနေမည်ဖြစ်သည်။ 

HUAWEI MatePad T8 ကို ၁၉၉,၀၀၀ ကျပ်ဖြင့် နီးစပ်ရာဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပြီဖြစ်ပြီး HUAWEI MatePad T 10 ကို နီးစပ်ရာဆိုင်များတွင် ၂၆၉,၀၀၀ ကျပ်ဖြင့် အောက်တိုဘာ ၁၅ ရက်အထိ ကြိုတင်မှာယူနိုင်ပြီဖြစ်သည်။ HUAWEI MatePad T8 ၀ယ်ယူသူများကို အကန့်အသတ်ဖြင့် Flip Cover လက်ဆောင်ပေးသွားမည်ဖြစ်ပြီး HUAWEI MatePad T 10 ကြိုတင်မှာယူသူများကို Flip Cover နှင့် Bluetooth Headset တို့ကိုပါ လက်ဆောင်ပေးအပ်သွားမည်ဖြစ်သည်။

ထို့အပြင် Petal Search ဖြင့်ဆိုပါက HUAWEI MatePad T 8 နှင့် MatePad T 10 အပါအဝင် အခြားသော HMS စနစ်သုံး စမတ်ဖုန်းနှင့် တက်ဘလက်များတွင်ပါ မိမိကြိုက်နှစ်သက်သည့် သန်းပေါင်းများစွာသော App များကိုပါ အလွယ်တကူရှာဖွေပြီး ဒေါင်းလုဒ်ရယူသုံးစွဲနိုင်ပြီဖြစ်သည်။ Petal Search ကို ဖော်ပြပါလင့်ခ် (https://appgallery1.huawei.com/#/app/C100995735) (သို့မဟုတ်)  HUAWEI AppGallery မှတစ်ဆင့်ဒေါင်းလုဒ်ရယူနိုင်ပြီဖြစ်သည်။                  

(WP)






အခြားဆက်စပ်သတင်းများ