ဧပြီ ၂၇၊ လန်ဒန် ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းခံရမှု(ဟိုလိုကော့စ်) ဖြစ်ရပ်မှ အသက်ရှင် လွတ်မြောက်လာသည့် ဘယ်လ်ဂျီယံနိုင်ငံသားတစ်ဦးမှာ COVID-19 ကြောင့် သေဆုံးခဲ့သည်။ ဟင်နရီကစ်ကာဟု အမည်ရသည့် အဆိုပါအမျိုးသားမှာ ပြီးခဲ့သည့်စနေနေ့က ဘရပ်ဆဲလ်မြို့ရှိ စောင့်ရှောက်ရေးဂေဟာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ်ရှိပြီဖြစ်သည်။ ဟင်နရီကစ်ကာမှာ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီအကျဉ်းစခန်းဖြစ်သည့် အော့ရှ်ဝစ်ဇ်အကျဉ်းစခန်းမှ အသက်ရှင်လွတ်မြောက်လာသူ အနည်းငယ်အနက် တစ်ဦးအပါအဝင် ဖြစ်သည်။ ဟင်နရီကစ်ကာ၏သားဖြစ်သူ မိုက်ကယ်ကစ်ကာက '' နာဇီ တစ်တပ်လုံး မလုပ်နိုင်ခဲ့တဲ့အရာကို သေးငယ်လွန်းတဲ့ ကိုရိုနာဗိုင်းရပ်စ်က အောင်မြင်ခဲ့ပါပြီ။ ကျွန်တော့်အဖေက သေမင်းထံချီတက်မှုကနေ အသက်ရှင်လျက် လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာတော့ သူ့ရဲ့ ရှင်သန်ခြင်းထံချီတက်မှုက အဆုံးသတ်သွားခဲ့ပါပြီ'' ဟု ဖေ့ဘွတ်ခ်ပေါ်တွင် ရေးသားထားသည်။ ၁၉၂၆ ခုနှစ်က ဘရပ်ဆဲလ်မြို့တွင် မွေးဖွားခဲ့သည့် ဟင်နရီကစ်ကာမှာ နာဇီများ ကျူးကျော်တိုက်ခိုက်ခဲ့သည့် ၁၉၄၂ ခုနှစ်တွင် ပိုလန်နိုင်ငံ အော့ရှ်ဝစ်ဇ်အကျဉ်းစခန်းသို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။ Ref:BBC(KNT)