နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ကြီးချုပ်တာဝန် ပြန်လည်ထမ်းဆောင်တော့မယ့် ဘောရစ်ဂျွန်ဆင်

ဧပြီ ၂၇၊ လန်ဒန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ပြန်လည်သက်သာလာပြီးနောက် ဧပြီလ ၂၇ ရက်တွင် ဝန်ကြီးချုပ်တာဝန်များ ပြန်လည်ထမ်းဆောင်နေပြီဖြစ်ကြောင်း ဒေါင်းနင်းလမ်းနေအိမ်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဘောရစ်ဂျွန်ဆင်မှာ ဧပြီလအစောပိုင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ၍ ဆေးရုံတက်ခဲ့ရပြီး လန်ဒန်မြို့ရှိ စိန့်သောမတ်စ်ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် သုံးရက်ကြာ ကုသမှုခံယူခဲ့ရသည်။ သို့သော် ပြီးခဲ့သည့်တနင်္ဂနွေနေ့(အီစတာပွဲတော်နေ့)တွင် ဆေးရုံမှ ပြန်ဆင်းလာခဲ့သည်။ ဆေးရုံမှ ပြန်ဆင်းလာပြီးနောက် ယင်း၏အသက်ကို ကယ်တင်ပေးခဲ့သည့် ဆေးရုံဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း ဘောရစ်ဂျွန်ဆင်က ရုပ်သံမှတ်တမ်းမှတစ်ဆင့် ပြောခဲ့သည်။ ဘောရစ်ဂျွန်ဆင် တာဝန်ထမ်းဆောင်နိုင်ပြီဖြစ်၍ ဝန်ကြီးချုပ်ကိုယ်စား တာဝန်ထမ်းဆောင်နေသည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်ဘ်မှာ မူလတာဝန်သာ ပြန်လည်ထမ်းဆောင်ရမည်ဖြစ်သည်။ ဘောရစ်ဂျွန်ဆင်မှာ တာဝန်ထမ်းဆောင်ရန် အလွန် စိတ်အားထက်သန်နေသည်ဟု ဒေါင်းနင်းလမ်းနေအိမ်က အတည်ပြုသည်။ ဗြိတိန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၂၀၀၀၀ ကျော်ရှိနေသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ