နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုင်နာလိုအာဂိုဏ်းနှင့်ပတ်သက်သည်ဆိုသော စွဲချက်များကို မက္ကဆီကိုနိုင်ငံ လုံခြုံရေးဝန်ကြီးဟောင်း ငြင်းဆန်

အောက်တိုဘာ ၉၊ မက္ကစီကိုစီးတီး


ဆိုင်နာလိုအာမူးယစ်ဆေးဝါးဂိုဏ်းနှင့် ပတ်သက်ခဲ့သည့် စွဲချက်များအတွက် အပြစ်မရှိကြောင်း မက္ကဆီကိုနိုင်ငံ လုံခြုံရေးဝန်ကြီးဟောင်း ဂါစီယာလူနာက လျှောက်လဲခဲ့သည်။ အသက် ၅၂ နှစ်ရှိသည့် ဂါစီယာလူနာက ဆိုင်နာလိုအာမူးယစ်ဆေးဝါးဂိုဏ်းနှင့် ပတ်သက်မှုမရှိကြောင်း နယူးယော့ခ်မြို့တရားရုံးတွင် ငြင်းဆန်ခဲ့သည်။


ဂါစီယာလူနာသည် ဒေါ်လာသန်းပေါင်းများစွာ လာဘ်စားပြီး အယ်ချာပိုဂတ်ဇ်မန်း၏ ဆိုင်နာလိုအာမူးယစ်ဆေးဝါးဂိုဏ်းကို မက္ကဆီကိုနိုင်ငံတွင် လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးခဲ့သည်ဟု အစိုးရရှေ့နေများက စွပ်စွဲခဲ့သည်။ ဂါစီယာလူနာသည် ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မက္ကဆီကိုနိုင်ငံ၏ လုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ လုံခြုံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ချိန်ကာလ အတွင်း ဂါစီယာလူနာက မက္ကဆီကိုနိုင်ငံ၏ ပြည်ထောင်စုရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။


ပြီးခဲ့သည့်ဇူလိုင်လက ယင်းအပေါ် တင်ခဲ့သည့် စွဲချက်အသစ်များနှင့်ပတ်သက်၍ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ဂါစီယာလူနာက အပြစ်မရှိကြောင်း လျှောက်လဲခဲ့ခြင်းဖြစ်သည်။ ဂါစီယာလူနာမှာ အမေရိကန်နိုင်ငံသို့ အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး အများအပြား တင်ပို့၊ ဖြန့်ဖြူးခြင်းပြစ်မှုများတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။


ထို့အပြင် ဂါစီယာလူနာက ဆိုင်နာလိုအာဂိုဏ်းလှုပ်ရှားသည့် ဒေသများတွင် အကျင့်ပျက်ခြစားသည့် အရာရှိများကို ရာထူးခန့်အပ်ခဲ့သည်ဟုလည်း စွပ်စွဲထားသည်။ သို့သော် ဂါစီယာလူနာက ယင်းအပေါ်တင်ထားသည့်စွဲချက်အားလုံးနှင့်ပတ်သက်၍ အပြစ်မရှိကြောင်း လျှောက်လဲ ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ