နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားတွင် ၃၃ ထပ်တိုက်တစ်လုံး မီးလောင်၍ လူ ၈၀ ကျော် ဆေးရုံရောက်

အောက်တိုဘာ ၉၊ ဆိုးလ်


တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း အူဆန်မြို့တွင် ၃၃ ထပ်တိုက်တစ်လုံး မီးလောင်ကျွမ်းခဲ့၍ လူရာချီကို ရွှေ့ပြောင်းပေးခဲ့ရပြီး လူ ၈၀ ကျော်ကို ဆေးရုံပို့ခဲ့ရသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီအချိန်က ၁၂ ထပ်တွင် မီးစတင်လောင်ကျွမ်းပြီး လေပြင်းတိုက်ခတ်ခဲ့ခြင်းကြောင့် အချိန်တိုအတွင်း မီးကူးစက်သွားခဲ့ခြင်းဟု အာဏာပိုင်များက ယုံကြည်လျက်ရှိသည်။


အဆိုပါမီးလောင်ကျွမ်းမှုကို သောကြာနေ့နံနက်ပိုင်းရောက်မှ အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်။ လူနေတိုက်ခန်းနှင့် ဈေးဆိုင် ၁၂၀ နီးပါး ပါဝင်သည့် Samhwan Art Nouveau တာဝါ၏ အပြင်ဘက်အကာအရံများကြောင့် အချိန်တိုအတွင်း မီးကူးစက်သွားခဲ့ခြင်းဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။ မီးလောင်ရခြင်းအကြောင်းရင်းကို အာဏာပိုင်များက အတည်ပြုခြင်းမရှိသေးပေ။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ