နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံတွင် ဟိုတယ်မကောင်းကြောင်း ရေးသားခဲ့သည့် အမေရိကန်နိုင်ငံသား ထောင်ဒဏ်ချမှတ်ခံရမည့်ဘေးမှ ကင်းလွတ်

အောက်တိုဘာ ၉၊ ဗန်ကောက်


ထိုင်းနိုင်ငံတွင် ဟိုတယ်မကောင်းကြောင်း မှတ်ချက်ရေးခဲ့သည့် အမေရိကန်နိုင်ငံသားမှာ ဥပဒေ ကြောင်းအရ ရင်ဆိုင်ပြီး ထောင်ဒဏ်ချမှတ်ခံရမည့်ဘေးမှ လွတ်မြောက်ခဲ့သည်။ ဝက်စ်လေဘန်းဟု အမည်ရသည့် အမေရိကန်နိုင်ငံသားက ထိုင်းနိုင်ငံရှိ Sea View Resort ဟိုတယ်မှာ မျက်မှောက်ခေတ် ကျွန်စနစ် ကျင့်သုံးနေသည်ဟု စွပ်စွဲပြီး မကောင်းကြောင်းမှတ်ချက် အများအပြား ရေးသားခဲ့သည်။


ထို့နောက်တွင် ဝက်စ်လေဘန်းကို ဖမ်းဆီးထိန်းသိမ်းပြီး ထိုင်းနိုင်ငံ၏ တင်းကျပ်သည့် အသရေဖျက်မှု ဆန့်ကျင်တားဆီးရေးဥပဒေများဖြင့် စွဲချက်တင်ခဲ့သည်။
သို့သော် ဝက်စ်လေဘန်းက Sea View Resort ဟိုတယ်နှင့် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ကို တောင်းပန်ကာ ပြေငြိမ်းမှုရယူနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ထို့အပြင် ဝက်စ်လေဘန်းက အမေရိကန်သံရုံးကိုလည်း ဖြေရှင်းချက်ရေးသားပေးပို့ခဲ့ရသည်ဟု AFP သတင်းဌာနက ဖော်ပြသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် ဝက်စ်လေဘန်းမှာ ယခုနှစ်အစောပိုင်းက Sea View Resort ဟိုတယ်တွင် တည်းခိုခဲ့သည်။


ဝက်စ်လေဘန်းက ဟိုတယ်စားသောက်ဆိုင်တွင် ညစာစားနေစဉ် ယင်း၏ကိုယ်ပိုင်အရက်ပုလင်း ယူသောက်လိုသည့်ကိစ္စနှင့်ပတ်သက်၍ ဟိုတယ်ဝန်ထမ်းများနှင့် အငြင်းပွားခဲ့သည်။


ဝက်စ်လေဘန်းက ဆူညံမှုဖြစ်စေခဲ့ပြီး ပုလင်းခပေးရန် ငြင်းဆန်ခဲ့ခြင်းဟု ဟိုတယ်က ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် ဟိုတယ်မန်နေဂျာက ကြားဝင်ဖျန်ဖြေပြီး ပုလင်းခကို လျှော့ပေးခဲ့သည်။ ဝက်စ်လေဘန်းသည် ဟိုတယ်မှ ထွက်ခွာသွားပြီးနောက် မကောင်းကြောင်း မှတ်ချက်အများအပြားရေးသားခဲ့ရာ ဟိုတယ်က အသရေဖျက်မှုဖြင့် တရားစွဲခဲ့သည်။ ယင်းအနေဖြင့် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ထောင်ဒဏ် ၂ နှစ် အထိ ချမှတ်ခံရမည်ဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ