နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် ကဗျာဆရာမ လူးဝစ်ဂလက်က စာပေနိုဗယ်ဆု ဆွတ်ခူး

အောက်တိုဘာ ၉၊ စတော့ဟုမ်း


အမေရိကန်ကဗျာဆရာမ လူးဝစ်ဂလက်မှာ ၂၀၂၀ ပြည့်နှစ်အတွက် ချီးမြှင့်သည့် စာပေဆိုင်ရာ နိုဗယ်ဆု ဆွတ်ခူးခဲ့သည်။ လူးဝစ်ဂလက်မှာ ထူးခြားပြောင်မြောက်သည့် ကဗျာအသံကို လှပသည့်ရေးသားသီဖွဲ့မှုဖြင့် ပေါင်းစပ်ပြီး တစ်ဦးချင်းစီ၏ကိုယ်ပိုင်အမြင်ကို လူသားအားလုံးနှင့်သက်ဆိုင်အောင် ဖန်တီးနိုင်ခဲ့ခြင်းကြောင့် စာပေဆိုင်ရာ နိုဗယ်ဆု ဆွတ်ခူးခဲ့ခြင်းဟု ဆွီဒင်အကယ်ဒမီက ပြောသည်။


နိုဗယ်ဆု ပေးအပ်ချီးမြှင့်သည့် ဆွီဒင်အကယ်ဒမီက ဖုန်းဆက်အကြောင်းကြားချိန်တွင် လူးဝစ်ဂလက်မှာ အံ့အားသင့်နေသည်ဟု ဆိုသည်။ ၁၉၄၃ ခုနှစ်က နယူးယော့ခ်မြို့တွင် မွေးဖွားခဲ့သည့် လူးဝစ်ဂလက်မှာ မက်ဆာချူးဆက်ပြည်နယ်တွင် နေထိုင်လျက်ရှိပြီး ယေးလ်တက္ကသိုလ်တွင် အင်္ဂလိပ်စာပါမောက္ခအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။


လူးဝစ်ဂလက်မှာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း စာပေဆိုင်ရာ နိုဗယ်ဆု ဆွတ်ခူးခဲ့သည့် စတုတ္ထမြောက်အမျိုးသမီးဖြစ်လာခဲ့ပြီး ၁၉၀၁ ခုနှစ်နောက်ပိုင်း နိုဗယ်ဆုဆွတ်ခူးသည့် ၁၆ ယောက်မြောက် အမျိုးသမီးဖြစ်သည်။ လူးဝစ်ဂလက်သည် ၁၉၉၃ ခုနှစ်က The Wild Iris ကဗျာစာအုပ်ဖြင့် ပူလစ်ဇာဆု ဆွတ်ခူးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အမျိုးသားစာပေဆု ဆွတ်ခူးခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ