နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေစပါးအထွက်တိုးပြီး ကျပ်ငါးသိန်းအဖွင့်ဈေးရ၍ တောင်သူတို့ပြုံးပျော်

ရန်ကုန် ဧပြီ ၂၇ ရန်ကုန်တိုင်းဒေသကြီးတွင် စပါးစိုက်ဧက ၁၃ သိန်းကျော်ရှိပြီး ဧပြီလနောက်ဆုံးပတ်၌ နွေစပါးများကို စတင်ရိတ်သိမ်းနေပြီဖြစ်ရာ ရန်ကုန်-ပြည်ကားလမ်းတစ်လျှောက်ရှိ လယ်ကွက်များ စပါးရိတ်ခြွေစက်တို့ဖြင့် စည်ကားလျက်ရှိ၍ ယခုနှစ်နွေစပါး ရာသီဥတုထိခိုက်မှု မရှိသည့်အတွက် ယမန်နှစ်ထက်ထွက်နှုန်းကောင်း သည့်အပြင် နွေစပါးအဖွင့်ဈေးမှာလည်း တaင်းတစ်ရာလျှင်ကျပ် ၅ သိန်းအဖွင့်ဈေးရှိသောကြောင့် စပါးစိုက် တောင်သူများ လက်မထောင်ပြုံးပျော်လျက်ရှိကြောင်း သိရသည်။ “မနှစ်က နွေစပါးတင်းတစ်ရာထွက်တယ်။ ဒီနှစ်တင်း ၁၁၀ ထွက်တယ်။ အခြားလယ်တွေလည်းအတူ တူပဲ အားလုံးထွက်နှုန်းကောင်းကြတယ်။ ပိုပြီးဝမ်းသာရတာက နွေစပါးအဖွင့်ဈေးမှာ တင်းတစ်ရာကျပ် ၅ သိန်းရလို့ တောင်သူတွေလက်မထောင်ပျော်နေကြပြီ။ ဒီနှစ် COVID-19 ရောဂါနဲ့ စိတ်ဖိစီးစိုးရိမ်နေကြ တဲ့တောင်သူတွေ စပါးဈေးကောင်း၊ ထွက်နှုန်းကောင်းလို့ အသက်ရှူချောင်ပြီ။ ဆန်ဈေးလည်းမတက်တော့ စားသုံးသူလည်း အဆင်ပြေကြမှာပါ။ စပါးခင်းမှာလာယူတဲ့ဈေးကျပ် ၅ သိန်းဒိုင်မှာဆိုရင် ကျပ် ၅၂၀ဝ၀ဝ ဈေးရှိတယ်။ မနှစ်က ကျပ် ၄၆၀ဝ၀ဝ ဈေးနဲ့စဖွင့်ပြီး ဈေးကျသွားတာ။ ဒီနှစ်ကုန်သည်၊ တောင်သူမျှပြီးစား လို့ရတဲ့နှစ်လို့ပြောလို့ရတယ်။ တစ်ခုပဲသတိထားရမယ်။ မှည့်နေတဲ့အချို့စပါးခင်းတွေ မိုးမဖျက်ပါစေနဲ့လို့ ဆုတောင်းရမှာ။ အခုရက်ပိုင်းရာသီဥတု နည်းနည်းလှုပ်လှုပ်ရှားရှားဖြစ်နေတော့လေ။ စောပြီးခြွေရင်လည်း ထွက်နှုန်းနဲ့အရည်အသွေးကျနိုင်တယ်။ နည်းနည်းနောက်ကျတဲ့တောင်သူတွေလည်း ကျွန်တော်တို့လိုပဲရ စေချင်ပါတယ်”ဟု ဧက ၂၀ ရိတ်ခြွေနေသော တိုက်ကြီးမြို့နယ်အုတ်ပုံအုပ်စု၊ ရေအိုးစင်ကွင်းမှ လယ်သမားကြီး ဦးစောထွန်းဦးက ပြောသည်။ တိုက်ကြီးမြို့နယ်ရှိ ကျေးလက်ဒေသများတွင် နွေစပါးကိုထိုင်းမှီးကောက်၊ ရတနာတိုးနှင့် ရက် ၉၀ စပါးတို့ကို စိုက်ပျိုးခဲ့ပြီး ပြည်ကားလမ်း၊ဝဲ/ယာ၌ ရိတ်သိမ်းလုဆဲစပါးခင်းများမှာ ရွှေဝါရောင်စပါးခင်းကြီး များဖြင့် ဝင်းဝါလျက်ရှိကာ မိုးစပါးတစ်ဧကလျှင် တင်း ၇၀ သာထွက်ခဲ့၍ ယခုနှစ်နွေစပါးမှာ တစ်ဧကလျှင် တင်း ၁၁၀ ထွက်ရှိသောကြောင့် ရိတ်ခြွေစက်ဖြင့်တစ်ဧကလျှင် ကျပ် ၄ သောင်းခွဲဖြင့် နွေစပါးရိတ်ခြွေကြလျက်ရှိရာ စက်ပိုင်များလည်း လုပ်ငန်းအဆင့်ပြေလျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စပါးစိုက်ဧက ၁၃ သိန်း ကျော်ရှိပြီး မိုးစပါး ၁၁၆၈၅၉၇ ဧကနှင့် နွေစပါး ၂၀၄၂၅၁ ဧက စိုက်ပျိုးလျက်ရှိသည်။ တောင်သူတို့အား စိုက်/ဘဏ်မှ တစ်ဧကလျှင်ကျပ် ၁၅၀ဝ၀ဝ ထုတ်ချေးခဲ့ပြီး မိုးစပါးထွက်နှုန်းနှင့် ပေါက်ဈေးအရှုံးရှိခဲ့သော်လည်း နွေစပါးစိုက်တောင်သူများ ထွက်နှုန်းနှင့်ပေါက်ဈေး သတ်မှတ်စံနှုန်းမီသော ကြောင့် အားရကျေနပ်နေကြခြင်းဖြစ်သည်။ တောင်သူတို့အဓိကသွင်းအားစုဖြစ်သော ဓာတ်မြေသြဇာအခက် အခဲနှင့်ပတ်သက်၍ တစ်ချိန်ကအသုံးပြုခဲ့သော နွားချေးရှားပါးလာမှုကြောင့် မသုံးမဖြစ်သုံးရသော စပါး အတွက် အာဟာရဖြစ်စေသည့်ကွန်ပေါင်းဓာတ်မြေသြဇာဈေးနှုန်းကို သက်သာစွာအသုံးပြုနိုင်ရန် မျှော်လင့် လျက်ရှိကြောင်း တောင်သူကြီးဦးစောထွန်းဦးက ဖြည့်စွက်ပြောသည်။ ဓာတ်ပုံ - ကနူး - (၁၁၂)






အခြားဆက်စပ်သတင်းများ