နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌အစားအသောက်မှသည်

ရန်ကုန်  အောက်တိုဘာ  ၈


ကမ္ဘာပေါ်တွင် နှစ်စဉ်အသည်းရောဂါဖြင့် လူတစ်သန်းခန့် သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အသည်းရောင်၊ အသည်းကင်ဆာစသော အသည်းနှင့်ပတ်သက်၍ ရောဂါ  အကြောင်းရင်းမှာ အသည်းရောင်၊ အသည်းဝါ၊ ဘီပိုး၊ စီပိုးများ ကူးစက်ခံရခြင်းဖြစ်ကြောင်း ပညာရှင်တို့က လေ့လာတွေ့ရှိထားကြသည်။ အသည်းရောင်ဘီပိုးနှင့် စီပိုးသည် နာတာရှည်ရောဂါများအဖြစ် ကူးစက်နိုင်ပြီး သတိမပြုမိပါက အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်ပွားလေ့ရှိသည်။ အသည်းရောဂါကို ဖြစ်စေ သည့် ဘီပိုးနှင့် စီပိုးသည် ကူးစက်ရန်လွယ်ကူပြီး စနစ်တကျကုသမှု ခံယူသင့်သည်။ လူအများတွင် အသည်း  ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းမှာ သန့်ရှင်းမှုအားနည်းခြင်းကြောင့် ဖြစ်ရသည်ဟု ပညာရှင်တို့က ဆိုသည်။

မသန့်ရှင်းသောရေ၊ မသန့်ရှင်းသော အစား၊ အစာတို့မှတစ်ဆင့် အသည်းရောဂါဖြစ်ပွားနိုင်သည်။ ရောဂါ ဖြစ်ပွားပါက စနစ်တကျကုသမှု ခံယူသင့်သည်။ သို့ရာတွင် လူအများစုသည် သွေးစစ်ဆေးမှု အားနည်းကြ သဖြင့် ဘီပိုးနှင့် စီပိုးများ ကူးစက်ခံနေရသည်ကို သတိမပြုမိပဲ ဖြစ်ကြရသည်။ ယနေ့လူမှုဘဝ ဝန်းကျင်တွင် တွင်ကျယ်ပျံ့နှံ့လွယ်ပြီး အမျိုးသားတို့၏ လူမှုဘဝကို ထိခိုက်မှုအလွယ်ဆုံးဖြစ်သည့် အရက်သေစာသောက်စား မူးယစ်မှုကြောင့် ထိခိုက်စေသော အကျိုးရလဒ်များ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။ အရက်အလွန်အကျွံ  သောက်သုံးခြင်းကြောင့် နောက်ဆက်တွဲရောဂါအမျိုးမျိုး ဖြစ်ပေါ်လာနိုင်ပေရာ အသည်းကို ထိခိုက်မှုသည် များပြားလာသော အခြေအနေသို့ ရောက်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် အရက်သေစာသည် လူမှု ဝန်းကျင်လျော့နည်းမသွားဘဲ တိုးတက်များပြားလာပြီး ကျန်းမာရေးနှင့် လူမှုကျင့်ဝတ်ကို ထိခိုက်စေသော  ကြောင့် ဝိုင်းဝန်းတားဆီးရန်လိုသည်။

မည်သို့ပင်ဖြစ်စေ လူအများ၏ ကျန်းမာရေးကို ခြိမ်းခြောက်လာသော အသည်းရောဂါအမျိုးမျိုးမဖြစ်ပွား အောင် ဆင်ခြင်နေထိုင်၊ စားသောက်ရန် လိုအပ်သည်။ မိမိတွင် ဘီပိုး၊ စီပိုးများ ကူးစက်ခံရခြင်းရှိ၊ မရှိ သွေး  စစ်ဆေးမှုခံယူကြခြင်းဖြင့် အသည်းရောဂါကြောင့် ဖြစ်ပွားလာမည့် နောက်ဆက်တွဲရောဂါများ ကာကွယ်နိုင် မည်ဟု ဆိုချင်ပါကြောင်း ။         ။






အခြားဆက်စပ်သတင်းများ