နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀ ပြည့်နှစ် မေလနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် သူနာပြုသားဖွား ဒီပလိုမာ သင်တန်းအောင်မြင်ပြီးသူများအား နှစ်လအတွင်း အလုပ်ခန့်ထား ဆောင်ရွက်ပေးသွားမည်

ရန်ကုန် ဧပြီ ၂၇ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနှင့် အများပြည်သူအားထိရောက်၍ အရည်အသွေး မြင့်မားသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးနိုင်ရန် ဆောင်ရွက်ပေး လျက်ရှိသည်။ ထိုသို့ဆောင် ရွက်ပေးနိုင်ရေးအတွက် အများပြည်သူနှင့် တိုက်ရိုက်ဆက်ဆံမှု ရှိနေသည့် သူနာပြုဆရာမများ၏ အရည် အချင်းနှင့်အဆင့်အတန်း မြင့်မားရေး လုပ်ငန်းရပ်များနှင့် သူနာပြုဆရာမလိုအပ်နေမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးမှု လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းရပ်များအနေနှင့် ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါဆောင်ရွက်ပေးနေမှုများအရ ၂၀၁၉ ခုနှစ်တွင် သူနာပြုသားဖွားဒီပလိုမာသင်တန်းသို့ ၃၇၆၉ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့သင်တန်းအတွက် ၅၀ဝ ဦးအထိ တိုးမြှင့်ခေါ်ယူပေးခဲ့သည်။ ယခု ၂၀၂၀ ပြည့်နှစ်တွင်လည်း နေပြည်တော်ခုတင် ၁၀ဝ၀ ဆံ့ဆေးရုံကြီးတွင် အကူသူနာပြု(ပြင်ပ) ၉ လသင်တန်းတွင် အခြေခံပညာ ၉ တန်း အောင်မြင်ပြီးသူ ၆၁ ဦးအား သင်တန်း ဖွင့်လှစ် ပို့ချပေးခဲ့သည်။ လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်တွင် သူနာပြု ၅၆၈၁ ဦးနှင့် သားဖွား ၃၀ဝ၅ ဦးအား ခန့်အပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ မေလတွင် သူနာပြုဒီပလိုမာအောင်မြင်ပြီးသူ ၈၁၆ ဦးရှိလာမည် ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ၁၇၇၈ ဦးရှိလာမည်ဖြစ်သည်။ အဆိုပါအောင်မြင်ပြီး သူများကိုလည်း အောင်မြင်ပြီးနှစ်လအတွင် အလုပ်ခန့်ထား ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသူနာပြုဒီပလိုမာသင်တန်းအောင်မြင်ပြီးသူ၊ သူနာပြုဆရာမများသည် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း များနှင့် ပြည်ပနိုင်ငံများရှိ ဆေးရုံဆေးခန်းများ ဝင်ရောက်လုပ်ကိုင်နိုင် ကြမည် ဖြစ်သော်လည်း နိုင်ငံတော်၏ အများပြည်သူကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးသည့်အနေနှင့် နိုင်ငံတော်၏ လိုအပ်နေသည့် သူနာပြုလိုအပ်နေမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည့်အနေနှင့် အစိုးရဝန်ထမ်းအဖြစ် အနည်းဆုံး သုံးနှစ်လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ လက်ရှိတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနအနေနှင့် နိုင်ငံတော်အတွက် သူနာပြုလိုအပ်နေမှုများအား ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် သူနာပြုသင်တန်းကျောင်းများတွင် သူနာပြုများအား တိုးမြှင့်ခေါ်ယူ ဆောင်ရွက်ပေးနေသကဲ့သို့ ပုဂ္ဂလိက သူနာပြု သင်တန်းကျောင်းများကိုလည်း ဖွင့်လှစ်ခွင့်ပြု ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ကိုသာစစ်






အခြားဆက်စပ်သတင်းများ