နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Android 12 တွင် Third-party App Stores များ အသုံးပြုရလွယ်ကူစေရန် လုပ်ဆောင်သွားမည့် Google

အောက်တိုဘာ  ၈


Android 12 တွင် အန်းဒရိုက်ဖုန်းသုံးစွဲသူများအနေဖြင့် Google Play Store မဟုတ်သည့် Third-part App Store များမှတစ်ဆင့် Apps များ ထည့်သွင်းရလွယ်ကူအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  Google က ပြောထားသည်။ Google အနေဖြင့် Developer ၏ တုန့်ပြန်မှုကို နားထောင်ပြီး ယခုကဲ့သို့ အပြောင်းအလဲလုပ်လိုက်ခြင်းဖြစ်ကြောင်း The Verge သတင်းက ပြောထားသည်။

အသေးစိတ်အချက်အလက်များကို နောက်ပိုင်းတွင် ဖြန့်ချိသွားမည်ဟု  Google က ပြောထားသည်။ Android Users များသည် Samsung Galaxy Store တို့ကဲ့သို့ Third-Party Stores များမှ App များ Install သွင်းနေကြသည်။ Android 12 တွင် အခြား App Stores များကိုလည်း အသုံးပြုရလွယ်ကူအောင် ခွင့်ပြုသွားမည်ဖြစ်သည်။ 

Google အနေဖြင့် Play Stores apps များအတွက် In-App ငွေချေမှုပိုင်းတွင် အပြောင်းအလဲပြုလုပ်ရန် မရှိပေ။ "Developers အားလုံးအနေနဲ့ သူတို့ App ထဲက ဒီဂျစ်တယ်ထုတ်ကုန်ရောင်းချမှုလုပ်တိုင်း Google Play ရဲ့ Billing System ကို သုံးရပါမယ်" ဟု Google က ပြောထားသည်။                                         (WP)






အခြားဆက်စပ်သတင်းများ