နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံချောင်းမြို့နယ်ရှိ ယာမြေများ၌ စက်မှုသီးနှံချည်မျှင်ရှည်ဝါဖြစ်ထွန်းအောင်မြင်

ရေနံချောင်း  အောက်တိုဘာ  ၈


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တွင် ချည်မျှဉ်ရှည်ဝါများ စိုက်ပျိုးကြရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံက သိရသည်။ ရေနံချောင်းမြို့နယ်ကျေးရွာ များတွင် ချည်မျှင်ရှည်ဝါကို ဝါဆိုလဝါခေါင်လတို့တွင် ယာမြေများ၌ အဓိကစိုက်ပျိုးကြပြီး နှစ်တိုင်းဝါဈေးမှာဈေးအသင့် အတင့်ရှိတဲ့အတွက် တွက်ချေကိုက်ခဲ့ကြောင်း ဝါစိုက်တောင်သူများထံက သိရသည်။

"မိုးနှောင်းစိုက်တဲ့အတွက် မိုးသီးနှံနှမ်းမြေပဲရိပ်သိမ်းပြီးမှဝါကိုသီးထပ်စိုက်တာပါ။ ဟိုယခင်ကပဲလွန်း၊ ပြောင်းသီးနှံစိုက်ကြတာပေါ့။ လက်ရှိစက်မှုကုန်ကြမ်းသီးနှံဖြစ်တဲ့အတွက် တောင်သူအတွက်ဈေးကွက် အခွင့်အလမ်းကောင်းရန် မျှော်လင့်ပြီးစိုက်ကြကြောင်း တောင်သူအမျိုးသားတစ်ဦးက ပြောသည်။ ကျွန်တော် တို့ ကျေးရွာအုပ်စုမှာ တောင်သူတွေငွေချည် ၆ ၊ ရွှေတောင် ၁ ဝါကိုစိုက်ကြတယ်။ လက်ရှိဝါဧက ၅၀ဝ ဝန်းကျင် စိုက်တယ်။ အထွက်နှုန်းကတော့ ငွေချည် ၆ တစ်ဧကလျှင် ဝါပိသာ ၃၀ဝ ထွက်ပြီး ရွှေတောင် ၁ ဝါမှ ပိဿာ ၂၀ဝ ထွက်တဲ့အတွက် တွက်ချေကိုက်သီးနှံပါ"ဟု ရုံးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးသိန်းထိုက်က  ပြောသည်။

လက်ရှိချည်မျှဉ်ရှည်ဝါများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ရေနံချောင်းမြို့နယ်ဝါဧက နှစ်ထောင်နီးပါးလျာထားစိုက်ပျိုးဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ သိရ သည်။            


ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ