နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID - 19 ကုသရေးဌာနဗဟိုဝန်ထမ်းတက္ကသိုလ် ရန်ကုန်(ဖောင်ကြီး)တွင် အသုံးပြုရန်အတွက် အလိုအလျောက်စက်ရုပ်များလှူဒါန်း

ရန်ကုန် ဧပြီ ၂၇ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) COVID-19 ကုသရေးဌာန ရန်ကုန်(ဖောင်ကြီး) (COVID-19 Medical) သို့ အသုံးပြုရန်အတွက် ပညာရေးဝန်ကြီးဌာနက COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးအထောက်အကူပြုပစ္စည်းဖြစ်သည့် Trolley Robot (TR 201)နှင့် Container Robot (CR 201) တို့ကို ဧပြီ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟိုဝန်ထမ်းတက္ကသိုလ်- ဖောင်ကြီး(အောက်မြန်မာပြည်)သို့ သွားရေက်လှူဒါန်းခဲ့ကြသည်။ အဆိုပါစက်ရုပ်များကိုအသုံးပြုခြင်းဖြင့် နေ့စဉ်ကျန်းမာရေးဝန်ထမ်းများနှင့် အတည်ပြုလူနာတို့အကြား နံနက်၊ နေ့လယ်၊ ညနေတို့တွင် အစားအသောက်နှင့်ဆေးဝါပေးပို့ခြင်းတို့အတွက် အနည်းဆုံးခြောက်ကြိမ် အထိ ထိတွေ့နိုင်မှုကိုလျှော့ချနိုင်မည်ဖြစ်သည်။ ယင်းအထောက်အကူပြုပစ္စည်းများသည် COVID-19 လူနာ များနှင့် ကျန်းမာရေးဝန်ထမ်းများတိုက်ရိုက်ထိတွေ့မှုလျှော့ချနိုင်ရန်ရည်ရွယ်၍ နည်းပညာတက္ကသိုလ်နှစ်ခုမှ တာဝန်ယူတည်ဆောက်ပေးခဲ့ကြောင်း ဆေးဝါးပစ္စည်းများအစားအသောက်များ၊ လူနာတစ်ဦးချင်းစီ၏လိုအပ် ချက်များကို လူနာများ၏အခန်းရှေ့အရောက် အလိုအလျောက်သယ်ဆောင်သွားနိုင်ရန် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Troller Robot (TR 201) နှင့် Container Robot (CR 201) တို့ကို ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု အဆင့်မြင့်ပညာဦးစီးဌာန၏အနီးကပ်ကြီးကြပ်မှုဖြင့် Mechatronic Engineering ဘာသာရပ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာသိင်္ဂီ ဦးဆောင်၍ TR 201 ကို ရန်ကုန်နည်းပညာတက္ကသိုလ်(Mechatronic Engineering)ဌာနမှလည်းကောင်း Container Robot (CR 201) ကို မန္တလေးနည်းပညာတက္ကသိုလ်(Mechatronic Engineering)ဌာနမှလည်းကောင်း ဧပြီ ၁၈ ရက်က စတင်ကာတည်ဆောက်ပေးခဲ့ကြောင်း သိရသည်။ အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ