နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျော့ဖလွိုက်ကို သတ်ခဲ့သည့် ရဲအရာရှိဟောင်းကို အာမခံကြေး ကန်ဒေါ်လာ တစ်သန်းဖြင့် ပြန်လွှတ်ပေး

အောက်တိုဘာ  ၈၊ ဝါရှင်တန်


လက်နက်မဲ့လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို သတ်မှုဖြင့် စွဲချက်တင်ခံထားရသည့် အမေရိကန် ရဲအရာရှိဟောင်းမှာ အာမခံကြေး အမေရိကန်ဒေါ်လာတစ်သန်းဖြင့် ထောင်မှ ပြန်လွတ်လာခဲ့သည်။ လူဖြူရဲအရာရှိ ဒီရက်ချော်ဗင်မှာ မေလ ၂၅ ရက်က လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို ဖမ်းဆီးချိန်တွင် ယင်း၏ဇက်ပေါ်၌ ၈ မိနစ်နီးပါး ဒူးဖြင့်ဖိထားခဲ့ကြောင်း ရုပ်သံမှတ်တမ်းများတွင် မြင်တွေ့ရသည်။


ဂျော့ဖလွိုက် သေဆုံးမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ရန် တောင်းဆိုမှုများ ရှိခဲ့သည်။ Black Lives Matter လှုပ်ရှားမှုများလည်း အရှိန်အဟုန်ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါလုပ်ရပ်ကြောင့် ဒီရက်ချော်ဗင်မှာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး လာမည့်နှစ် မတ်လတွင် ဒုတိယအဆင့် လူသတ်မှု၊ ကြိုတင်ကြံစည်မှုမရှိဘဲ လူသတ်မှုစွဲချက်များဖြင့် ရုံးတင်စစ်ဆေးမှု ခံယူရန် စောင့်ဆိုင်းလျက်ရှိသည်။


ဒီရက်ချော်ဗင်ကို ပြီးခဲ့သည့်မေလနှောင်းပိုင်းကတည်းက အုတ်ပါ့ခ်ဟိုက်ရှိ လုံခြုံရေးမြင့်မားသည့် အကျဉ်းထောင်တွင် ဖမ်းဆီးထားခဲ့ပြီး ကန့်သတ်ချက်မရှိသည့် အာမခံကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁ဒသမ ၂၅ သန်း သို့မဟုတ် ဂျော့ဖလွိုက်၏ မိသားစုနှင့် ဆက်သွယ်ခွင့်မရှိ၊ လက်နက်များကို စွန့်လွှတ်မည်၊ ရုံးတင်စစ်ဆေးမှုကို စောင့်ဆိုင်းနေချိန်အထိ ဥပဒေစိုးမိုးရေး၊ လုံခြုံရေးလုပ်ငန်းများတွင် အလုပ်လုပ်ခွင့်မရှိဆိုသည့် ကန့်သတ်ချက်များကို လက်ခံပြီး အမေရိကန်ဒေါ်လာ ၁ သန်း အာမခံကြေး ပေးနိုင်သည်ဟု တရားသူကြီးက သတ်မှတ်ခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ဒီရက်ချော်ဗင်က အာမခံကြေး ၁ သန်းဖြင့် ထောင်မှ ပြန်လွှတ်လာခြင်းဖြစ်သည်။


ယင်းဖြစ်ရပ်တွင် ပါဝင်ခဲ့သည့် အခြားရဲအရာရှိသုံးဦးမှာလည်း လူသတ်ရန် ကူညီအားပေးမှုဖြင့် စွဲချက်တင်ခံရပြီး ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ မင်နီဆိုတာပြည်နယ်၊ မင်နီယာပိုလစ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဂျော့ဖလွိုက် အသတ်ခံရမှုနှင့်ပတ်သက်၍ စွဲချက်တင်ခံရသည့် ရဲအရာရှိလေးဦးလုံးမှာ လာမည့်နှစ် ရုံးတင်စစ်ဆေးမှုမတိုင်မီအချိန်အထိ အာမခံဖြင့် ပြန်လည်လွတ်မြောက်နေမည်ဖြစ်သည်။                           


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ