နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၆ နှစ်အရွယ် မိန်းကလေးက ဖင်လန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် တစ်ရက်ကြာ တာဝန်ယူခွင့်ရရှိ

အောက်တိုဘာ  ၈၊ ဟယ်ဆင်ကီ


အသက် ၁၆ နှစ်အရွယ် ဖင်လန်နိုင်ငံသူ မိန်းကလေးငယ်တစ်ဦးမှာ ဖင်လန်နိုင်ငံဝန်ကြီးချုပ်အဖြစ် တစ်ရက်ကြာ တာဝန်ယူခွင့် ရရှိခဲ့သည်။ အေဗာမာတိုမှာ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဖင်လန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် တစ်ရက်ကြာ တာဝန်ယူချိန်တွင် ဥပဒေသစ် ပြဋ္ဌာန်းမှု လုပ်ခွင့်မရသော်လည်း နည်းပညာလောကတွင် အမျိုးသမီးများ၏ အခွင့်အရေးကို မီးမောင်းထိုးပြရန်အတွက် နိုင်ငံရေးသမားများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။


ကုလသမဂ္ဂရဲ့ မိန်းကလေးများနေ့မတိုင်မီ တစ်ရက်အလိုတွင် အေဗာမာတိုက ဆန်နာမာရင်၏နေရာကို အစားထိုးဝင်ရောက်ပြီး ဝန်ကြီးချုပ်အဖြစ် တစ်ရက်ကြာ တာဝန်ယူခဲ့ခြင်းဖြစ်သည်။ ဖင်လန်နိုင်ငံမှာ ကလေးသူငယ်အခွင့်အရေးနှင့် မိန်းကလေးငယ်များ သာတူညီမျှ အခွင့်အရေးရရန် လှုပ်ရှားနေသည့် Plan International ၏ Girls Takeover (မိန်းကလေးငယ်များ တာဝန်လွှဲပြောင်းရယူရေး) အစီအစဉ်တွင် ၄ နှစ်မြောက် ပါဝင်ခဲ့ခြင်းဖြစ်သည်။


အဆိုပါအစီအစဉ်အရ ကမ္ဘာနိုင်ငံအချို့ရှိ ဆယ်ကျော်သက်များမှာ နိုင်ငံ့ခေါင်းဆောင် သို့မဟုတ် အခြားကဏ္ဍများ၏ ခေါင်းဆောင်များနေရာတွင် တစ်ရက်ကြာ အစားထိုး တာဝန်ယူခွင့် ရရှိသည်။ ယခုနှစ်တွင် Plan International က မိန်းကလေးများအတွက် ဒီဂျစ်တယ်စွမ်းရည် တိုးမြှင့်ရေး၊ နည်းပညာဆိုင်ရာ အခွင့်အလမ်းများ ပိုမိုရရှိရေးကို အဓိကအာရုံစိုက်ခဲ့ပြီး ကင်ညာ၊ ပီရူး၊ ဆူဒန်နှင့် ဗီယက်နမ်နိုင်ငံများ အပါအဝင် နိုင်ငံအများအပြား ပါဝင်လှုပ်ရှားခဲ့သည်။


ပြီးခဲ့သည့်နှစ်က ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာလုံးဆိုင်ရာ ကျား၊ မ ကွာဟချက် အစီရင်ခံစာတွင် ဖင်လန်နိုင်ငံက အဆင့်(၃) နေရာ ရပ်တည်ခဲ့သော်လည်း ဖင်လန်နိုင်ငံ၏ နည်းပညာကဏ္ဍတွင် အမျိုးသမီးများ ပါဝင်မှု နည်းပါးခဲ့သည်။ ပြီးခဲ့သည့်နှစ်က အသက် ၃၄ နှစ်အရွယ်တွင် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံခဲ့ရသည့် ဆန်နာမာရင်မှာ ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်သည်။      


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ