နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာငွေ ၁ သိန်းကျော်ဖြင့် Dual Cameras ပါဝင်သည့် Cool 12A ကို ကြေညာ

အောက်တိုဘာ  ၇


Cool Lineup ၏ အသစ်ထွက်ရှိလာသည့် Cool 12A သည် ကြီးမားသည့် Display ၊ အမြင့်စား Memory အတွဲအစပ်ဖြင့် ဘေးဘောင်လက်ဗွေခလုတ်များ တပ်ဆင်ထားသည်။ Cool 12A သည် ကျောဘက်အပေါ်ဘယ်ထောင့်တွင် Square-Shape ကင်မရာအိမ်တစ်ခု ထည့်သွင်းထားပြီး စျေးနှုန်း သင့်တင့်စွာဖြင့် အသုံးပြုနိုင်မည့် ဖုန်းတစ်လုံးဖြစ်သည်။ 

မျက်နှာပြင် ၆ ဒသမ ၃ လက်မအရွယ် LCD display သည် 720p ရုပ်ထွက်ပါရှိပြီး ရှည်လျားသည့် 19:9 aspect ratio အချိုး အသုံးပြုထားသည်။ waterdrop notch ထဲတွင် 8MP selfie ကင်မရာတပ်ဆင်ထားပြီး ကျောဘက်စတုရန်းပုံ ကင်မရာအိမ်ထဲ၌ 16MP နှင့် 2MP depth sensor တို့ ထည့်ထားသည်။ 

4000mAh ဘက်ထရီသည် USB-C port နှင့် အားသွင်းနိုင်မည်ဖြစ်သည်။ GSMArena သတင်းအရ ရှန်ဟိုင်းအခြေစိုက် Unisoc ၏ T310 platform ဖြင့် ထွက်ရှိလာခြင်းဖြစ်သည့် အဆိုပါဖုန်းသည် Quad-core CPU အမျိုးအစားဖြစ်ပြီး AI Camera Algorithms ဖြင့် ဘက်ထရီပါဝါကို ပိုကြာစေနိုင်မည့် features များ ထည့်ထားပြီးဖြစ်သည်။ Cool 12A သည် RAM 4GB/64GB storage အထိ အသုံးပြုထားပြီး အနက် ၊ အပြာရောင်ပြေးနှင့် ငွေရောင်တို့ဖြင့်ထွက်ရှိလာကာ တရုတ်တွင် ၅၉၉ ယွမ် (မြန်မာငွေ ၁ သိန်းကျော်) ဈေးဖြင့် ရောင်းချသွားမည်ဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ