နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျက်နှာပြင် ၆ ဒသမ ၇၈ လက်မနှင့် ဘက်ထရီ 5200 mAh ပါဝင်သည့် Infinix Hot 10 စမတ်ဖုန်းကို မိတ်ဆက်

အောက်တိုဘာ  ၇


Infinix က စမတ်ဖုန်းသစ်တစ်လုံးဖြစ်သည့် Infinix Hot 10 ကို မိတ်ဆက်လာပြီး အဆိုပါဖုန်းမှာ ၆ ဒသမ ၇၈ လက်မ HD+(1640x720p) ရုပ်ထွက်ထောက်ပံ့ထားသည်။ Punch-Hole သုံးထားပြီး ယင်းမှာရှေ့ကင်မရာ 8MP f/2.0 သုံးထားကာ Dual-LED Flash နှင့် ထောက်ပံ့ထားသည်။

ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီး အဓိကကင်မရာက 16MP f/1.75 ဖြစ်ကာ ကျန်ကင်မရာတို့က 2MP Macro ၊ 2MP Depth နှင့် Low Light Sensor တို့ဖြစ်သည်။

Quad-LED Flash နှင့် ထောက်ပံ့ထားပြီး ကင်မရာစနစ်များအနေဖြင့် Super Night Mode နှင့် AR Animoji စနစ်တို့လည်း ပါဝင်သည်။

Helio G70 ၊ RAM6GB နှင့် ပါဝါထောက်ပံ့ထားပြီး Storage 128GB ပါဝင်ကာ microSD ကနေ ထပ်တိုးနိုင်မည်ဖြစ်သည်။ ဘက်ထရီ 5200 mAh ပါဝင်ကာ 18W Fast Charging ဖြင့် အားသွင်းနိုင်မည်ဖြစ်ပြီး Android 10 အခြေပြု XOS 7.0 သုံးထားသည်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာထည့်သွင်းထားပြီး Dual-SIM ၊ နားကြပ်ပေါက်တို့ ပါဝင်သည်။

အဆိုပါဖုန်းကို Moonlight Jade ၊ Obsidian Black ၊ Amber Red နှင့် Ocean Wave အရောင်တို့ဖြင့် ရွေးချယ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် ဒေါ်လာ ၁၄၀ သတ်မှတ်ထားကာ အောက်တိုဘာ ၁၆ ရက်တွင် စတင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။                (သူရိန်)






အခြားဆက်စပ်သတင်းများ