နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝေဖန်မှုတွေမြင့်တက်လာတဲ့ ဆိုးလ်ရှား ယူနိုက်တက်မှာ မြဲပါ့မလား

အောက်တိုဘာ ၇

ယူနိုက်တက်တို့စပါးကို ၆-၁ နဲ့ ရှုံးပြီးနောက်ပိုင်း ယူနိုက်တက်ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့်တော့ နည်းပြဆိုးလ်ရှားအပေါ် ဝေဖန်မှုတွေပိုများလာခဲ့ပါတယ်။ အခုတလော ဆိုးလ်ရှားကို ယူနိုက်တက်ရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ ယူနိုက်တက်ကနေ မော်ရင်ဟိုထုတ်ပယ်ခံခဲ့ရစဉ်က ယူနိုက်တက်ရဲ့ နည်းပြရာထူး ကို ပိုချက်တီနိုနဲ့ သတင်းတွေထွက်ခဲ့သလို ခုလဲအသင်းလက်မဲ့ဖြစ်နေတဲ့ ပိုက်ချက်တီနိုကို ပြန်ဆက်သွယ် နေတယ်လို့ သတင်းတွေပေါ်လာပြန်ပါပြီ။ လက်ရှိအချိန်မှာ အသင်းရဲ့ရလဒ်ပိုင်းကလည်း ဆိုးရွားနေပါတယ်။ နိုင်ခဲ့တဲ့ပွဲစဉ်တုန်းကလည်း ခြေစွမ်းပိုင်းက ကောင်းမွန်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ဆိုးလ်ရှားတစ်ယောက် ဖိအားတွေအောက်ကိုရောက်နေပြီလို့ ပြောရမှာပါ။ မေရာသတင်းစာက ဆိုးလ်ရှားကို ယူနိုက်တက်ရဲ့ အမှုဆောင်အက်ဝုဒ်ဝက်အနေနဲ့ အသင်းရဲ့နည်းပြရာထူးကနေ ထုတ်ပယ်လိမ့်မယ် မဟုတ်ဘူးလို့ဖော်ပြ ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဇန်နဝါရီနောက်ပိုင်း ခြေစွမ်းတွေကောင်းခဲ့တာကြောင့် အဆင့် ၃ နေရာကို အရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်တို့လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ ထင်ခဲ့ကြသော်လည်း လက်ရှိအချိန်မှာတော့ အရင်အခြေအနေတွေနဲ့ မထူးခြားတဲ့အခြေအနေကိုပဲ ပြန်ရောက်သွားပါတယ်။ ဒါကြောင့် ယူနိုက်တက်တာဝန်ရှိသူတွေက ဆိုးလ်ရှားကို အသင်းရဲ့ရေရှည်နည်းပြအဖြစ်ရည်ရွယ်ထားပေမယ့် ဒီပုံစံအတိုင်းရလဒ်ဆိုးတွေ၊ ခြေစွမ်းဆိုးတွေကနေတက်မလာဘူးဆိုရင်တော့ ဆိုးလ်ရှားလဲအထုတ်ခံရမှာပါ။ ပိုချက်တီနိုအတွက်လည်း အသင်းတစ်သင်းရရှိသွားမှာပါ။                                                                 (SO)






အခြားဆက်စပ်သတင်းများ