နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦး ထပ်ဖြည့်လိုက်ပြန်တဲ့ အာဆင်နယ်

အောက်တိုဘာ ၇


Deadline Day မှာ ကွင်းလယ်ကစားသမားတစ်ဦးခေါ်ယူပေးဖို့ နည်းပြအာတီတာက ဘုတ်အဖွဲ့ကို တိုက်တွန်းခဲ့တာကြောင့် အားကစားဒါရိုက်တာ အီဒူးနဲ့အဖွဲ့က အေတီကို မက်ဒရစ်အသင်းကွင်းလယ်ကစား သမားသောမတ်စ်ပါတေးကို စာချုပ်လျော်ကြေး ပေါင် ၄၅ ဒသမ ၄ သန်းပေးချေကာ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ သောမတ်စ်ပါတေးဟာ အာဆင်နယ်နဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုပြီး တစ်ပတ် လုပ်ခပေါင် ၂၅၀၀၀၀ ဝန်းကျင်အထိ ရရှိခံစားရမှာပါ။ သောမတ်စ်ပါတေးကို ကြိုဆိုသွားတဲ့ အားကစားဒါရိုက်တာ အီဒူးက “ပါတေးကစားခဲ့တဲ့ပွဲစဉ်တွေက ခြေစွမ်းနဲ့ကစားဟန်တွေကြောင့်သူဟာ  အာဆင်နယ်အတွက် အရမ်းကောင်းတဲ့ခေါ်ယူမှုတစ်ခုပါ။ ကျွန်တော်တို့ရာသီကို အကောင်းဆုံးပုံစံနဲ့ ဆက်သွားနိုင်မှာပါ။ ရရှိထားတဲ့ပုံစံကောင်းကိုလည်း ဆက်ထိန်းထားဖို့ပါတေးလို ကစားသမားမျိုး ခေါ်ယူခဲ့ တာပါ။ သောမတ်ပါတေးဟာ အာဆင်နယ်ရဲ့ထိပ်တန်းကစားသမားဖြစ်လာဖို့ အရည်အသွေးမှန်သမျှ အကုန်ရှိနေပါတယ်။ သူဟာ ကွင်းတွင်းကွင်းပြင်မှာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်သလို အသင်းက လိုအပ်နေတဲ့ ကစားသမားမျိုးပါ။ သူဟာ အလုပ်ကိုပြင်းပြင်းထန်ထန်ကြိုးစားလုပ်ကိုင်သူတစ်ယောက်ပါ”လို့ ပြောကြားခဲ့ပါတယ်။ နည်းပြကြီး အာတီတာကလည်း “ကျွန်တော်တို့ သောမတ်ကို စောင့်ကြည့်လေ့လာခဲ့တာ အချိန်အတိုင်းအတာ တစ်ခုကြာခဲ့ပါတယ်။ ဒီလိုအရည်အသွေးမြင့် ကစားသမားတစ်ယောက်ကို အသင်းဆီ ခေါ်ယူလိုက်နိုင်တာ ကျွန်တော်တို့ အရမ်းဝမ်းသာမိပါတယ်။ သူဟာ ပေါက်ကွဲအားကောင်းကောင်းနဲ့ ရွေ့လျား ကစားတတ်တဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်ပြီး စွမ်းအားပြည့် အားကစားသမားတစ်ယောက်ပါ”လို့ ပြောကြားခဲ့ပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ