နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မရမ်းကုန်းမြို့နယ်အတွင်းရှိ စျေးအချို့ အားရန်ကုန်မြို့တော်စည်ပင်သာယာကော်မတီဝင် ဦးသူရအောင်နှင့် ဦးမင်ဟန် သွားရောက်စစ်ဆေး

ရန်ကုန်   အောက်တိုဘာ   ၇


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်အတွင်းရှိ စျေးများဖြစ်သော မြဂန္ဓမာစျေး၊သမိုင်းဘူတာရုံစျေး၊ ဇေယျာခေမာစျေး၊မြစပါယ် အခွန်လွတ်စျေး၊ ဂန္ဓမာ အခွန်လွတ်စျေးများအား COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ချမှတ်ထားသောစည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှု ရှိ၊မရှိ ကို ယနေ့နက်ပိုင်းက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးသူရအောင်၊ ဦးမင်းဟန်နှင့် စျေးများဌာနမှ တာဝန်ရှိသူများလိုက်ပါ၍သွားစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် စျေးအတွင်း ကုန်စည်စီးဆင်းလည်ပတ်မှုရှိ၊မရှိ နှင့်စျေးရောင်းသူ စျေးဝယ်သူများအား Mark  နှင့် face shield များအား စနစ်တကျတပ်ဆင်ကြရန်၊ စျေးရောင်းသူနှင့် စျေးဝယ်သူ ခပ်ခွာခွာမှ ဝယ်ယူအားပေးရန် ၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစည်းကမ်းချက်များအား စနစ်တကျလိုက်နာကြရန် လူစု လူဝေးများ မဖြစ်ပေါ်ရန် အထူးဂရုစိုက်ကြရန် မှာကြားခဲ့ကြကြောင်းသိရသည်။


သတင်း  မိုးမြင့်မောင်

ဓာတ်ပုံ    ရွှေဝင်း






အခြားဆက်စပ်သတင်းများ