နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာဈေး၊ ရတနာမွန်ဈေး၊ အုတ်ကျင်းဈေးနှင့် ရွှေဟင်္သာဈေးများအား ကော်မတီဝင် ဦးစိန်အုန်း ဦးဆောင်သောအဖွဲ့မှ လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်  အောက်တိုဘာလ ၇ ရက်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် ဦးစိန်အုန်းသည် ယနေ့  နံနက်ပိုင်းတွင် ရန်ကုန်တိုင်း‌ဒေသကြီး မြောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ လှိုင်သာယာစျေး၊ ရတနာမွန်စျေး၊ အုတ်ကျင်းစျေးနှင့် ရွှေဟင်္သာဈေးများသို့ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် စျေးရောင်းစျေးဝယ်နေမှုများအား လိုက်လံ ကြပ်မတ်ကြည့်ရူ့စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကာလအတွင်း စျေးတာဝန်ရှိသူများမှ စျေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  ထုတ်ပြန်ချမှတ်ထားသော စည်းကမ်းချက်၊ လမ်းညွှန်ချက်များ၊ အသိပေးချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန်၊ စျေးရောင်းချ နေသူများမှ  နှာခေါင်းစည်း Mask များကို မဖြစ်မနေတပ်ဆင်ထားရန်၊ လက်အိတ်များနှင့် မျက်နှာကာ Face shieldကိုလည်း အသုံးပြုတပ်ဆင်ရန် မှာကြားခဲ့ပြီး ကုန်စည်စီးဆင်းမှု အခြေအနေများ၊ ကုန်ပစ္စည်းများ လက်လီလက်ကား ရောင်းဝယ်ရာတွင် ကြုံတွေ့နိုင်မည့် အခက်အခဲများအား မေးမြန်းပြီး အဆင်ပြေ ချောမွေ့စွာ ဈေးရောင်း၊ဈေးဝယ်ရေးတို့ကို အခက်အခဲမရှိ ကျော်လွှားနိုင်ဖို့ အားပေးစကားများနှင့် စျေးအတွင်းသို့ မဖြစ်မနေ စျေးဝယ်ထွက်လာသူများကိုလည်း ဒီလိုအချိန်ကာလကြီးတွင် လူတိုင်း ကိုယ်စီကိုယ်ငှ မိမိကိုယ်ကို ကာကွယ်ခြင်းက အများကို ကူညီကာကွယ်ပေးရာရောက်ကြောင်း၊ စျေးဝယ်ပြန်ပြီးရင်လည်း စနစ်တကျလက်ဆေးရန်၊ Face shield နှာခေါင်စည်းများ တပ်ဆင်ရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်သူများ ခပ်ခွာခွာ ရောင်း၊ဝယ်ခြင်းတို့ဖြင့် ပြည်သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။

ကျော်မင်းထိုက်






အခြားဆက်စပ်သတင်းများ