နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းနှင့်ပြည်နယ် ရှစ်ခုတွင် ကန်ထရိုက်လယ်ယာ စနစ်ဖြင့် မိုးစပါးစိုက်ပျိုး ပြီးစီးခြင်း မရှိသေး

ရန်ကုန်၊  အောက်တိုဘာ  ၇


ယခုနှစ် မိုးစပါးရာသီတွင် မိုးစပါးစိုက်ဧက ၂၀ဝ၀ဝ၀ ကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် လျာထား ဆောင်ရွက်လျက်ရှိရာ တိုင်းနှင့်ပြည်နယ် ရှစ်ခုတွင် စိုက်ပျိုးပြီးစီးခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

စိုက်ပျိုးပြီးစီးခြင်း မရှိသေးသည့် တိုင်းနှင့် ပြည်နယ် ရှစ်ခုမှာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့ဖြစ်သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အသင်းဝင် ကုမ္ပဏီများမှ ကန်ထရိုက်လယ်ယာ စီမံကိန်းတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ အဆိုပါ မိုးစပါးစိုက်ဧက ၂၀ဝ၀ဝ၀ အနက် ၁၀ဝ၄၈၃ ဧကကို ကုမ္ပဏီပေါင်း ၅၃ ခုမှ မြို့နယ်ပေါင်း ၄၉ မြို့နယ်တွင် စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မိုးစပါးရာသီအတွက် ကန်ထရိုက် လယ်ယာစနစ်ဖြင့် စိုက်ပျိုးဧက လျာထားချက်များမှာ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါး စိုက်ဧက ၄၅၅၀ဝ ၊ ပဲခူးတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ၅၂၀ဝ၀ ၊ ရန်ကုန်တိုင်းဒေသကြီးတွင် မိုးစပါး စိုက်ဧက ၂၁၀ဝ၀ ၊ မန္တလေးတိုင်း ဒေသကြီးတွင် မိုးစပါးစိုက်ဧက ၆၀ဝ၀၊ မကွေးတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ၇၀ဝ၀၊ တနင်္သာရီတိုင်း ဒေသကြီးတွင် မိုးစပါးစိုက် ဧက ၂၀ဝ၀ စိုက်ပျိုးရန် လျာထားခြင်းဖြစ်သည်။

ထို့ပြင် နေပြည်တော်တွင် မိုးစပါးစိုက်ဧက ၉၀ဝ၀ ၊ရခိုင်ပြည်နယ်တွင် မိုးစပါးစိုက်ဧက ၁၁၀ဝ၀၊ ရှမ်းပြည်နယ်တွင် မိုးစပါးစိုက်ဧက ၉၀ဝ၀၊ မွန်ပြည်နယ်တွင် မိုးစပါးစိုက်ဧက ၆၅၀ဝ၊ ကယားပြည်နယ်တွင် မိုးစပါးစိုက်ဧက ၂၀ဝ၀ ၊ကချင်ပြည်နယ်တွင် မိုးစပါးစိုက်ဧက ၃၀ဝ၀ နှင့်ကရင်ပြည်နယ်တွင် မိုးစပါးစိုက်ဧက ၃၀ဝ၀ စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။

အဆိုပါ လျာထားချက်များအနက် စိုက်ပျိုးပြီးစီးသည့် စိုက်ဧကများမှာ ဧရာဝတီတိုင်းဒေသကြီး တွင် ၃၉,၄၈၈ ဧက၊ ပဲခူးတိုင်းဒေသကြီးတွင် ၄၉,၄၀၂ ဧက ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၅၃၅၈ ဧက၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧက ၂၀ဝဝ၊ နေပြည်တော်တွင် ၃၈၃၅ ဧက နှင့် မန္တလေးတိုင်းဒေသကြီးတွင် ဧက ၄၀ဝ စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။                                                                         


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ