နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွာရန်တင်းစင်တာများကို မဲရုံအဖြစ် အသုံးပြုရန် ညှိနှိုင်းသွားမည်

ရန်ကုန်၊  အောက်တိုဘာ  ၇


လက်ရှိအသုံးပြုနေသည့် ကွာရန်တင်းစင်တာများကို မဲရုံအဖြစ်အသုံးပြုရန် ရွေးကောက်ပွဲကော်မရှင်နှင့် ညှိနှိုင်း ဆွေးနွေးရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုး က ပြောသည်။

ကွာရန်တင်းစင်တာများကို မဲရုံအဖြစ်အသုံးပြုပါက ကျန်းမာရေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကြိုတင်စီမံပြင်ဆင်ထားမှုအခြေအနေကို ဆက်သွယ်မေးမြန်းရာတွင် ယင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဒါကကြည့်နေပါတယ်။ ကွာရန်တင်းစင်တာတွေက မဲရုံဖြစ်သွားသလို မဲရုံကြေညာ ထားတာတွေ ကလည်း ကွာရန်တင်းစင်တာဖြစ်သွားတာ ရှိပါတယ်။ အဓိကတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ မြေပြင် အနေအထားမှာ ညှိရမယ့်ဟာဖြစ်ပါတယ်။ ကွာရန်တင်းစင်တာကို ဦးစားပေးဆောင်ရွက်ရင် တစ်ဖက်ကမဲရုံကိုဘယ်လိုဆောင်ရွက်မလဲပေါ့၊ အလျှော့အတင်းကတော့ ညှိရဦးမှာဖြစ်ပါတယ်။ သူများပြောတဲ့ဟာတွေကလည်း ရာနှုန်းပြည့်မမှန်နိုင်ပါဘူး” ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

COVID-19 ကပ်ရောဂါအခြေအနေတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကိုကျင်းပသွားမည်ဖြစ်ပြီး မဲရုံ အရေအတွက် ကိုလည်း ၅၀ဝ၀ဝ ဝန်းကျင်ထားရှိထားကြောင်း၊ ယင်းအပြင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် မဲရုံအတွင်း COVID-19 ကြိုတင်ကာကွယ်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရသည်။                                                  မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ