နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဲပေးရေး သရုပ်ပြအစီအစဉ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

  ရန်ကုန်၊ အောက်တိုဘာ  ၇


 လာမည့် နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲပေးရေးအတွက် အစမ်းလေ့ကျင့်သော သရုပ်ပြအစီအစဉ်ကို အောက်တိုဘာ ၆ ရက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့မဈေးအနီးရှိ အ.ထ.က (၅) စာသင်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး မဲဆန္ဒရှင်များ ရောဂါကူးစက်မှု မဖြစ်စေရန် သတိထားဆောင်ရွက်ရမည့် အချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကျင်းပသည့် နေရာတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အောက်တိုဘာလ ၆ ရက်က အစမ်းလေ့ကျင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောသည်။

ကပ်ရောဂါကာလအတွင်း ရွေးကောက်ပွဲကျင်းပမည်ဖြစ်သော်လည်း မဲပေးမည့်သူများကို မဲရုံ အပြင်ဘက်၌ ၆ ပေကွာ တန်းစီခိုင်းခြင်း၊ လက်ဆေးခိုင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းနှင့် လက်အိတ်စွပ်ခိုင်းခြင်းများကအစ သရုပ်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ကြိုတင်သရုပ်ပြဆောင်ရွက်ခြင်းဖြစ်ပြီး ကြုံတွေ့ရသော လိုအပ်ချက်များကို စစ်ဆေးပြီး ရွေးကောက်ပွဲကျင်းပသောနေ့တွင် အဆင်ပြေစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဦးက ပြောသည်။

မဲပေးသရုပ်ပြ အစီအစဉ်ကို ရွေးကောက်ပွဲ မတိုင်မီ ၃ ကြိမ် လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး အောက်တိုဘာလ ၆ ရက်က ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။                               မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ