နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါဆိုင်ရာများကို သိရှိလိုပါက 2019 Call Center အပြင် အခြားအခမဲ့ Call Center များတွင်ပါ မေးမြန်းနိုင်ပြီ

ရန်ကုန်  အောက်တိုဘာ  ၇


COVID-19 ကာလအတွင်း 2019 Call Center အပြင် အခြားအခမဲ့ Call Center များလည်းရှိလာပြီဖြစ်သည်။ MMA, HICA ,Community Fever Clinic Tele Care စသည်ဖြင့် အခမဲ့ Call Center များရှိနေပြီဖြစ်သည်။  COVID-19 ကာလအတွက် ပြည်သူများ COVID-19 နှင့်ပတ်သက်ပြီး သိလိုသည့်အကြောင်းအရာများကို မေးမြန်းနိုင်ရန်အတွက် National Call Center ကို 2019 နံပါတ်ဖြင့် ဧပြီ ၈ ရက်မှစတင်ကာ နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီအထိ ဖွင့်လှစ်ပေးထားခဲ့ပြီး ယခုအခါ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားရှိကြောင်း  သိရသည်။  

Community Fever Clinic များကိုလည်း ဧပြီလပိုင်းကတည်းကစခဲ့ပြီး သမားတော်ပါမောက္ခမာမာကြည် ဦးဆောင်ပြီး ဒေါက်တာ ကျော်မင်းထွန်း တွဲဖက်တာ၀န်ယူကာ ဒေါက်တာကိုကိုထွေး၊ ဒေါက်တာ နေမင်းထက် (ခ) မိုးနေမင်း၊ ဒေါက်တာ ဇော်လင်းဘို၊ ဒေါက်တာအောင်မွန်ကျော်၊ ဒေါက်တာသစ်လွင်တို့နှင့် သက်ဆိုင်ရာ မြို့နယ် ၂၄ ခုမှ တာဝန်ခံဆရာဝန် ဖုန်းနံပါတ်များနှင့် လိပ်စာများကိုပါ မြန်မာနိုင်ငံဆရာဝန်အသင်းတွင် အောက်တိုဘာ ၅ ရက်က ဖော်ပြပေးထားပြီးဖြစ်သည်။ 

Page  တွင် ဖော်ပြထားသည့်အတွက် သြဂုတ်လပိုင်းမှစတင်၍ Call Center သဖွယ် နေ့စဉ်မြို့နယ် တာဝန်ခံများက ဖုန်း Call 60  နှင့် 100 ကြား ဖြေကြားနေရသဖြင့် လူနာများအတွက် စေတနာရှေးရှုပြီး HlCA နှင့် MMA တို့မှ Tele Medicine အတွက် ထပ်မံအားဖြည့်ခဲ့ကြခြင်းဖြစ်သည်။ MMA က ဆရာ၀န်များကိုယ်တိုင် အခမဲ့ပြုလုပ်ပေးပြီး လက်ရှိတွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ခေါ်ဆိုနိုင်မည်ဖြစ်သည်။

HlCA ကို ပါမောက္ခဌာနမှူး Dr.Daw Thin Thin Nwe ၏သဘောတူလက်ခံမှုအရ ပါမောက္ခဆရာမကြီး Dr.Daw Mar Mar Kyi ကို အမှူးထား၍ သမားတော် Dr.Soe Wai Phyo နှင့် သမားတော်ဆရာ Dr.Thaung Lin ၏ လမ်းညွှန်မှုဖြင့် UM2 ကျောင်းသားသမဂ္ဂမှ လုပ်အားပေးဆရာ၀န်များ၊ ဒေါက်တာသန့်မင်း၊ CFC မှတာ၀န်ခံ  များအဖြစ် ဒေါက်တာကျော်မင်းထွန်း၊ ဒေါက်တာနေမင်းထက်တို့ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ယခုအခါ နယ်ပယ်စုံမှ ဆရာဝန် Volunteer များဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ Volunteer များ ပါ ပါ၀င်လာကြသည်။ 

COVID-19 နှင့်ပတ်သက်ပြီး သိလိုသည်များကို အေးချမ်းစွာမေးမြန်းလိုပါက HICA ကို နေ့စဉ် နံနက် ၇ နာရီမှ ည ၁၀ နာရီအထိ ဆက်သွယ်နိုင်ပြီး၊ ဆရာ၀န်များဖြင့် လိုတိုရှင်း တိုက်ရိုက်ပြောဆိုလိုပါက MMA နှင့် Community Fever Clinic ကို  တနင်္လာမှ သောကြာအထိ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီဆက်နိုင်သကဲ့သို့  2019 ကိုလည်း ဆက်သွယ်နိုင်သည်။


(WP)






အခြားဆက်စပ်သတင်းများ