နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်

ရန်ကုန်   အောက်တိုဘာ   ၇


မြန်မာနိုင်ငံသည် သယံဇာတပေါများကြွယ်ဝသကဲ့သို့ ရာသီဥတုမျှတသဖြင့် နေချင်စဖွယ်ကောင်းသော နိုင်ငံဖြစ်သည်။ သဘာဝပတ်ဝန်းကျင်မှ လူသားတို့အတွက် နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးမှ လိုအပ်ချက် ကိစ္စအဝဝကို ဖြည့်စွမ်းနေသည်မှာ အမှန်ပင်ဖြစ်သည်။ ယခုအခါ သဘာဝသစ်တောများသည် တစ်နှစ်ထက်  တစ်နှစ် ပိုမိုပြုန်းတီးလာကြောင်း သိရသည်။ နိုင်ငံ၏ လူဦးရေ၊ မြို့ပြလူ့အသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့တခြားတိုးပွားလျက်ရှိသည်။ ယခုအခါ သစ်တော၊ သစ်ပင် လျော့နည်းလာကာ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာသဖြင့် ရာသီဥတုဖောက်ပြန်မှုနှင့် ကြုံတွေ့ရသည်မှာ အမှန်ပင်ဖြစ်သည်။

သဘာဝသစ်တောများ ကာကွယ်ထိန်းသိမ်းရန် ခက်ခဲလာပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျေးရွာ အများစုက နေ့စဉ်သုံးလောင်စာအတွက် ထင်းနှင့် မီးသွေးကို သစ်တောများမှ ထုတ်ယူခြင်းကြောင့် ဖြစ်သည်။ သစ်တောများပြုန်းတီးမှုဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းမှာ သစ်၊ ဝါး၊ အလွန်အကျွံခုတ်ယူခြင်း၊ သတ္တု နှင့် တွင်းထွက်များ တူးဖော်ခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ အခြေခံအဆောက်အအုံများ တိုးချဲ့ခြင်းနှင့် လောင်စာအတွက် ထင်း၊ မီးသွေးထုတ်ယူခြင်းသည်လည်း အဓိက ပါဝင်ပေသည်။ သက်ဆိုင်ရာဌာနများအနေ ဖြင့် ကျေးလက်ဒေသဖွံဖြိုးရေးတွင် ထင်းအစားထိုးလောင်စာသုံးစွဲခြင်းနှင့် စွမ်းအားမြင့်မီးဖိုများ သုံးစွဲခြင်း လုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုမှာ လက်ရှိကာလတွင် ၂၄ ရာခိုင်နှုန်းကျန်တော့သည်ဟု သတင်းများ တွင် တွေ့နေရသည်။ သဘာဝဂေဟပျက်စီးမှုများပြားလာရာ တောရိုင်းတိရစ္ဆာန်တို့ကျက်စားရာ စားကျက်မြေ များ ကျဉ်းမြောင်းလာမှုကြောင့် တောဆင်ရိုင်းများ၊ လူနေအိမ်ခြေများရှိရာ မြေပြန့်သို့ ဝင်ရောက်လာမှုများကို ကြုံလာရသည်။

ယနေ့ကြုံတွေ့နေရသော ကာဗွန်ထုတ်လုပ်မှုနှင့် လေထုညစ်ညမ်းမှုလျှော့ချရေး၊ စွမ်းအားနှင့် သယံဇာတ များ ထိရောက်စွာ အသုံးချနိုင်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများ ဆုံးရှုံးမှုများအား  တားဆီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိရာ အစိမ်းရောင်စီးပွားရေးသည် အထောက်အပံ့ဖြစ်လျက်ရှိသည်။

ထို့ကြောင့် သစ်တော၊ သစ်ပင်များခုတ်လှဲခြင်း၊ ပျက်စီးခြင်းများ လုံးဝမပြုလုပ်ရန် လိုအပ်နေပေရာ သစ်တောများသည် လူသားတို့အား အကျိုးပြုသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြု ပေရာ ထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း တိုက်တွန်းပေသည်။






အခြားဆက်စပ်သတင်းများ