နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံချောင်းဒေသထွက် ကြက်သွန်နီဈေးတက်

ရေနံချောင်း အောက်တိုဘာ  ၇


ရေနံချောင်းဒေသထွက် ကြက်သွန်နီယခင်လကထက် ဈေးပိုရသောကြောင့်တောင်သူများထုတ်ရောင်း နေကြကြောင်း မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ ကြက်သွန်နီတောင်သူနှင့်ရောင်းဝယ်သူအချို့ထံမှ သိရသည်။

"ပြီးခဲ့တဲ့သြဂုတ်လကနေ စက်တင်ဘာလလယ်ရက်တွေက လက်ကားဈေးကြက်သွန်နီတစ်ပိဿာကျပ် ၃၅၀ ပဲရှိတဲ့အတွက် ဈေးကောင်းရဖို့အချို့တောင်သူတွေဝယ်သူမျှော်နေရတယ်။ အဲဒီရက်မှာလက်လီ တစ်ပိဿာ ကျပ် ၅၀ဝ ကနေ ကျပ် ၆၀ဝ သာရှိခဲ့ပါတယ်။ လက်ရှိလက်လီတစ်ပိဿာကျပ် ၈၀ဝ ကျပ် ၁၀ဝ၀ အထိ ဈေးရောင်းရတယ်"ဟု ရေနံချောင်းမြို့မဈေးမှ ကြက်သွန်နီလက်လီရောင်းသူအမျိုးသမီးတစ်ဦးက ပြောသည်။

"လက်ရှိအနေအထားက ကြက်သွန်တစ်ပိဿာ ကျပ် ၈၀ဝ၊ ကျပ် ၁၀ဝ၀ ရှိတယ်။  ဈေးကောင်းလာ တယ်"ဟု မြို့မမြောက်ရပ်ကွက်မှ ပွဲစားအမျိုးသားတစ်ဦးက ပြောသည်။

ရေနံချောင်းမြို့နယ်တွင် ကြက်သွန်နီကိုကိုင်းမြေများမှာ နိုဝင်ဘာလ၌စတင်ပြီးဥပျံမျိုးကြက်သွန်နီ နှင့် ပင်းချောင်းမြေနုများ၌ ဇန်နဝါရီလမှစ၍ အပင်စိုက်ကြက်သွန်နီကို အဓိကစိုက်ပျိုးကြကြောင်း သိရသည်။


ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ