နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပဲခူးတိုင်းဒေသကြီးအတွင်းအရှိ မြို့နယ်နှစ်မြို့နယ်မှ ရပ်ကွက်နှင့် ကျေးရွာအချို့ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းတစ်ကျောင်းနှင့် နေအိမ်များ အမိုးလန်ပျက်စီး

ကျောက်တံခါး ဧပြီ ၂၇ ဧပြီ ၂၆ ရက်၊ ညနေ ၆ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်း မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ကွင်းမြောက်ရပ်ကွက်နှင့် ဇီးကုန်းကျေးရွာပါ ၂ ရွာတို့၌ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၃၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။. အလားတူ ဧပြီ ၂၆ ရက်၊ ည ၈ နာရီ ၅၅ မိနစ်အချိန်တွင် အုတ်တွင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျွဲပွဲမြို့(၁)ရပ်ကွက်ပါ ၅ ခု၌ သွပ်မိုး၊ ထရံကာနေအိမ် ၁၂၃ လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ