နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုးလ်ရှားရဲ့ ဗျူဟာနဲ့တိုက်စစ်ကအလုပ်မဖြစ်ဘဲ စပါးခြေရင်းလည်စင်းပေးခဲ့ရ

အောက်တိုဘာ ၆


မန်ယူနဲ့စပါးအသင်း တနင်္ဂနွေကပွဲစဉ်မှာ အိုးထရက်ဖို့ကွင်းပိုင် မန်ယူတို့  ၁-၆ ရလဒ်နဲ့ဆိုးရွားစွာရှုံးနိမ့်ခဲ့ရပါတယ်။ မန်ယူကစားသမားတွေဟာ ပွဲထဲမှာ အာရုံစူးစိုက်မှုနည်းနေသလို ဆိုးလ်ရှားရဲ့နည်းဗျူဟာတွေ ကလည်း လိဂ်သုံးပွဲရှိလာသည့်တိုင် အလုပ်မဖြစ်ပဲ အခြေအနေသာဆိုးနေတာပါ။ မန်ယူဟာ လင်ဒီလော့ နေရာမှာ ဘိုင်ယီအစားဝင်ကစားပြီး ဘရိုက်တန်နဲ့တုန်းက လူစာရင်းအတိုင်းပွဲထွက်လာခဲ့တာပါ။ လန်းဆန်း နေတဲ့ ကစားသမားတွေကိုသာ သုံးခဲ့တာတောင် ခြေစွမ်းကတော်တော်ညံ့နေခဲ့ပါတယ်။ ဒီပွဲမှာ ဆိုးလ်ရှားရဲ့ နည်းဗျူဟာပိုင်းအမှားကြောင့် ဂိုးတွေပေးခဲ့ရတာပါ။ ဖာနန်ဒက်စ်၊ မားကဒ်စ်၊ ဂရင်းဝုဒ်၊ မာစီရယ်တို့ကို တိုက်စစ်မှာအလွန်အကျွံလိုက်ပါစေပြီး ဖိအားပေးကစားစေတာပါ။ ဒီဗျူဟာက စပါးအသင်းအတွက် နေရာလွတ်ပိုရရှိစေပါတယ်။ တန်ပြန်တိုက်စစ်နဲ့ပွဲအပေါ်ချဉ်းကပ်ကစားတဲ့ မော်ရင်ဟိုအတွက် အခွင့်သာ ခဲ့တာပါ။ မန်ယူပင်နယ်တီကြောင့် ဦးဆောင်ဂိုးရခဲ့ပေမယ့် ချက်ချင်းစပါးရဲ့တိုက်စစ်ဆင်မှုကြောင့် မက်ဂွိုင်း ယားအမှားကနေ ချေပဂိုးရရှိခဲ့ပြီး ဆက်တိုက်ဆိုသလို မက်ဂွိုင်းယားနဲ့ ဘိုင်ယီတို့အမှားကတစ်ဆင့်  ဂိုးတွေဆက်တိုက်ရခဲ့ကာ ပထမပိုင်းမှာ ၁-၄ နဲ့ မန်ယူတို့အရေးနိမ့်ခဲ့ပါတယ်။ မန်ယူတို့ မာစီရယ်ရဲ့ အနီကတ်က မမျှတဘူးဆိုပေမယ့် တိုက်စစ်ကိုသာ ဦးစားပေးဖိကစားနေတာကြောင့် ဆိုးလ်ရှားဗျူဟာက မော်ရင်ဟိုရဲ့သတ်ကွင်းထဲ ဆင်းဝင်နေသလို ဖြစ်နေပါတယ်။ မော်ရင်ဟိုက မန်ယူရဲ့တိုက်စစ်ကိုမကြောက်ဘဲ တန်ပြန်တိုက်စစ်ကိုသာကြောက်တာပါ။ ဒါကြောင့် မန်ယူအကြောင်းသိနေတဲ့ မော်ရင်ဟိုက မန်ယူတို့ တိုက်စစ်ကစားဖို့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ကာ ကျွံလာတဲ့ ဆိုးရှားရဲ့ဗျူဟာက မော်ရင်ဟိုရဲ့ ဗျူဟာထဲမှာ  လည်စင်းခံရသလိုဖြစ်ခဲ့ပါတယ်။ ရှုံးနေတဲ့ဆိုးရှားဟာ အသင်းနောက်အထိုင်မခိုင်ဘဲ တိုက်စစ်ဖွင့်ခဲ့တာကြောင့် စပါးတို့အတွက် ထိုးဖောက်ဖို့လွတ်နေတဲ့နေရာတွေ အခွင့်အရေးတွေများစွာရရှိစေခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ မန်ယူတို့ ၁-၆ ရလဒ်နဲ့ အရှုံးကြီးရှုံးခဲ့ရပါတယ်။   (SO)






အခြားဆက်စပ်သတင်းများ