နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Tencent ဝန်ထမ်းပေါင်း ၁ သောင်း Huawei Mate Xs ဖုန်းများ လက်ဆောင်ရ

အောက်တိုဘာ  ၆


Tencent Holdings သည် ကုမ္ပဏီ၏ Platform နှင့် Content Group (PCG) တွင် အလုပ်လုပ်နေသည့် ဝန်ထမ်း ၁၀၀၀၀ ကို လက်ဆောင်အဖြစ် ယွမ် ၁၇၀၀၀ (မြန်မာငွေ ၃၂ သိန်းကျော်)တန် Huawei Mate Xs ဖုန်းသစ်ပေးခဲ့သည်။ Huawei ၏ ဒုတိယမျိုးဆက်ခေါက်သိမ်းနိုင်စမတ်ဖုန်းဖြစ်သည့် Huawei Mate Xs ကို ဖေဖော်ဝါရီလထဲတွင် မိတ်ဆက်ခဲ့ပြီး မတ်လထဲတွင် စတင်ဈေးကွက်ထဲ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

eCommerce ပလက်ဖောင်းများပေါ်တွင် ရောင်းအားပြတ်လပ်သည်အထိ ဝယ်လိုအားမြင့်ခဲ့ပြီးနောက် အပြင်တွင်ပြန်ရောင်းသည့် Huawei Mate Xs သည် မူလဈေးထက် ၂ ဆခွဲအထိ မြင့်တက်ခဲ့သည်။ ယခုချိန်အထိ Third-party seller များမှ JD.com တွင် အဆိုပါ စမတ်ဖုန်းကို ယွမ် ၂၀၅၀၀ ဈေးဖြင့် ရောင်းချမှုများရှိနေသည်။  Huawei Mate Xs ကို လက်ဆောင်ရသည့် Tencent Holding ဝန်ထမ်းများသည် second-hand ပလက်ဖောင်းများတွင် "ကုမ္ပဏီက လက်ဆောင်ပေးထားတဲ့ အသစ်စက်စက်ဖုန်း" စသည်ဖြင့် ကြေညာပြီး ရောင်းချနေသည်။ South China Morning Post  သတင်းအရ Alibaba Group လက်အောက်ခံ Xianyu ပလက်ဖောင်းတွင် လက်ဆောင်ရထားသည့် Huawei Mate Xs ဖုန်းများကို ယွမ် ၁၇၅၀၀ (မြန်မာငွေ ၃၃ သိန်း ၇ သောင်းကျော်) ဈေးမှ စတင်ရောင်းချလျက်ရှိသည်။ လက်ဆောင်အဖြစ် ပေးထားသည့် Huawei Mate Xs တွင် Tencent ဗားရှင်းအတွက် Customize Label နှင့် သီးသန့်လာသည့်ဖုန်းများဖြစ်ပြီး Huawei Mate Xs သည် တက်ဘလက်အနေအထား ဖြန့်ထားချိန်တွင် မျက်နှာပြင် ၈ လက်မ Curved OLED display ဖြင့်ထွက်ရှိလာပြီး ခေါက်ထားချိန်တွင် ရှေ့ဘက် ၆ ဒသမ ၆ လက်မနှင့် ကျောဘက် ၆ ဒသမ ၃၉ လက်မဖြစ်သည်။

ပထမမျိုးဆက် Huawei Mate X နှင့် ဒီဇိုင်းပိုင်းတွင် အပြောင်းအလဲမရှိသော်လည်း display ကို ခေါက်ပေးသည့် ပတ္တာကို အဆင့်မြှင့်ထားသကဲ့သို့ 5G ကွန်ရက်ချိတ်ဆက်မှုလည်း ပါဝင်လာသည်။ ကျောဘက် ကို ပြန်လှည့်ပြီး ခေါက်ရသည့် ဒီဇိုင်းမျိုးဖြစ်ပြီး ဆယ်လ်ဖီဆွဲမည်ဆိုပါက ဖုန်းကို ဦးစွာခေါက်ရမည်ဖြစ်သည်။

Kirin 990 SoC သစ်ဖြင့်ထွက်ရှိလာပြီး RAM 8GB/512GB storage ဖြင့်ထွက်ရှိထားသည်။ ဘက်ထရီပါဝါ 4500 mAh သည် 55W fast charging ပါရှိပြီး နောက်ကျောဘက်ဘောင်တွင် 40MP main sensor ၊ 8MP telephoto ကင်မရာ ၊ 16MP ultrawide ကင်မရာနှင့် 3D depth sensing အသုံးပြုထားသည်။

အဆိုပါစမတ်ဖုန်းတွင် Google Mobile Services မပါဘဲ ကိုယ်ပိုင် Huawei Mobile Services သာ အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိတွင် တရုတ်ဈေးကွက်၌ စတင်ဖြန့်ချိထားပြီဖြစ်သည်။


(WP)






အခြားဆက်စပ်သတင်းများ