နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Axon 20 5G ကို ZTE ကုမ္ပဏီက ပထမဆုံး မိတ်ဆက်

အောက်တိုဘာ  ၆


Under Display Selfie ကင်မရာကို ပထမဆုံးသုံးသည့်ဖုန်း Axon 20 5G ကို ZTE ကုမ္ပဏီက ပထမဆုံး မိတ်ဆက်သွားခဲ့သည်။ စက်တင်ဘာလထဲတွင် ဗီယက်နမ်စမတ်ဖုန်းကုမ္ပဏီ Vinsmart ကလည်း အလားတူ အဆင့်မြင့် ရှေ့ကင်မရာ နည်းပညာပါ Vsmart Axis Pro ဖုန်းကို ကြေညာသွားခဲ့သည်။

တတိယမြောက် Under display ဆယ်လ်ဖီကင်မရာပါ ဖုန်းကို ဂျပန်စမတ်ဖုန်းကုမ္ပဏီ Rakuten က ထုတ်လုပ်လိုက်ပြီး ဂျပန်ဈေးကွက်တွင် Rakuten BIG ဖုန်းအဖြစ် မိတ်ဆက်လိုက်ခြင်းဖြစ်သည်။ Rakuten BIG ဆိုသည့် နာမည်အတိုင်း အရွယ်အစားကြီးမားသည့် ၆ ဒသမ ၉ လက်မ Display ဖြင့် ထွက်ရှိလာသည်။

OLED pane အမျိုးအစားဖြစ်ပြီး အပေါ်အောက် ဘောင်အနည်းငယ်ရှိပြီး ကျောဘက်တွင် ထောင်လိုက်တန်း ကင်မရာ ၄ လုံး သုံးထားကာ Rakuten အမှတ်တံဆိပ်ထွင်းထားသည်။ Rakuten BIG ၏ Highlight Feature က မှန်ပြင်အောက် ဆယ်လ်ဖီကင်မရာ နည်းပညာဖြစ်သည်။

Screen အောက်တွင် ရောက်နေသည့် Selfie ကင်မရာသည် 32MP sensor ဖြစ်ပြီး ကျောဘက် Quad Cameras များအနေဖြင့် 64MP main sensor ၊ 8MP superwide sensor ၊ 2MP depth sensor နှင့် 2MP macro sensor တို့ဖြင့် ဖွဲ့စည်းထားသည်။ IP68 rating ရေစို၊ ဖုန်တင်ဒဏ်ခံနိုင်သည့် ဖုန်းဖြစ်ပြီး  eSIM ၊ NFC နှင့် Bluetooth 5.0 စနစ်တို့ ပံ့ပိုးထားကာ 5G ချိတ်ဆက်မှုရသည့် Snapdragon 765G processor အသုံးပြုထားပြီး RAM 6GB ၊ 128GB storage ဖြင့်ထွက်ရှိလာသည်။  storage မြှင့်ရန်အတွက်လည်း microSD card slot ပေးထားပြီး ဘက်ထရီပါဝါ 4000mAh ဖြစ်ကာ Android 10 စနစ် အသုံးပြုထားသည့် အဆိုပါစမတ်ဖုန်းကို အနက်၊ အဖြူနှင့် နီညို အရောင် ၃ ရောင်ဖြင့် ထုတ်ထားပေးသည်။ 

အဆိုပါ စမတ်ဖုန်းကို ဂျပန်ဈေးကွက်တွင် ယန်း ၆၉၈၀၀ (မြန်မာငွေ ၈ သိန်းခွဲကျော်) ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။                                                                                   

(WP)






အခြားဆက်စပ်သတင်းများ