နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖျားနာရောဂါစစ်ဆေးကုသမည့် အခမဲ့ဆေးခန်းဖွင့်လှစ်နိုင်ရေးပြင်ဆင် နယူဇီလန်သံရုံးမှ PPE ဝတ်စုံနှင့် နှာခေါင်းစည်းများလှူဒါန်း

မန္တလေး ဧပြီ ၂၇ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)နှင့် စေတနာဆရာဝန်များပူးပေါင်း၍ မန္တလေးခရိုင် အောင်မြေသာစံမြို့နယ် ၁၂ လမ်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ဝင်းအတွင်းတွင် ဖျားနာရောဂါ စစ်ဆေးကုသသည့်အခမဲ့ဆေးခန်း ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် ဧပြီ ၂၇ ရက်၊ နံနက် ၉ နာရီက ပြင်ဆင်ဆောင်ရွက် မှုများအသင်းဥက္ကဋ္ဌ ဒေါက်တာခင်မောင်မြင့်နှင့် အမှုဆောင်များကကြည့်ရှုကြသည်။ ဆက်လက်၍ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး) MMA COVID-19 Response Team သို့ ရန်ကုန်မြို့ရှိနယူဇီလန်သံရုံးမှ PPE ဝတ်စုံ ၃၀ဝ၊ KN95 နှာခေါင်းစည်း များနှင့် ရိုးရိုးနှာခေါင်းစည်များ ပေးအပ်လှူဒါန်းပွဲကို ရတနာပုံခန်းမတွင်ကျင်းပရာ မြန်မာနိုင်ငံဆရာဝန် အသင်း(မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်မြင့်နှင့် အမှုဆောင်များကလက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွာပေးအပ်သည်။ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေးတိုင်းဒေသကြီး)နှင့် စေတနာဆရာဝန်များပူးပေါင်းကာ ဖျားနာကု ဆေးခန်း FeverClinic ကို ချမ်းမြသာစည်မြို့နယ်ထွန်တုံးဒေသန္တရဆေးခန်းကို နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိဖွင့်လှစ်ပြီး ဖျားနာလူနာများအား အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးလျက်ရှိသည်။ အောင်မြေသာစံမြို့နယ် အခမဲ့ဖျားနာကုဆေးခန်းကို မေလဆန်းတွင်ဖွင့်လှစ်မည်ဖြစ်သည်။ မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ